Eleven Media Group

■ Myanmar League 1 ဝင်ရောက်ယှဥ်ပြိုင်မည့် Chinland FC မှ ကစားသမားတစ်ဦး ပျောက်ဆုံးနေပြီး ငါးရက်ခန့် အဆက်အသွယ်မရဟု အသင်းမှ ထုတ်ပြန်

Myanmar League 1 ဝင်ရောက်ယှဥ်ပြိုင်မည့် Chinland FC မှ ကစားသမားတစ်ဦး ပျောက်ဆုံးနေပြီး ငါးရက်ခန့် အဆက်အသွယ်မရဟု အသင်းမှ သြဂုတ် ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ပျောက်ဆုံးမှုနှင့်ပတ်သတ်၍ Chinland FC မှ တာဝန်ရှိသူတစ်ဦးက "လက်ရှိအချိန်ထိ ရှာဖွေနေဆဲပါ။မနက်ဖြန်ကျ ပွဲကပြန်စပါပြီ"ဟု Eleven Media သို့ ပြောကြားခဲ့သည်။

"ကျွန်တော်တို့ Chinland FC ဘောလုံးအသင်းမှ ကစားသမား၊ Myanmar League တွင် ကစားနေသူ၊ မတူပီမြို့နယ်သား အသက် (၂၂) နှစ်အရွယ် Pa Lung (Chinland FC ကျောနံပါတ် ၅) သည် ပျောက်ဆုံးနေပါသည်။ပြီးခဲ့သည့် စနေနေ့က ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားဖြင့် ပြန်လာကာ ၇/၈ လမ်းဆုံ တွင် ဆင်းခဲ့ပြီး Taxi ဖြင့် အဆောင်သို့ ပြန်ရန်လုပ်နေသည့်အချိန်အထိ အဆက်အသွယ် ရရှိခဲ့ပါသည်။ ထိုအချိန်နောက်ပိုင်းမှစ၍ ယနေ့အချိန်အထိ အဆက်အသွယ်မရရှိတော့ဘဲ ပျောက်ဆုံးနေပါသည်။"ဟု Chinland FC အသင်း၏ Facebook Page တွင် ထုတ်ပြန်ထားသည်။

အသက် (၂၂) နှစ်အရွယ် Pa Lung (Chinland FC ကျောနံပါတ် ၅)အား အသင်းမှ ငါးရက်ခန့်အစွမ်းကုန် ရှာဖွေလျှက်ရှိပြီး MFF ၊ MNL တာဝန်ရှိ လူကြီးများနှင့်အတူ လိုအပ်သော အရာများအားလုံးကို လုပ်ဆောင်နေသော်လည်း ယခုအချိန်အထိ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group