





ရန်ကုန်၊ စက်တင်ဘာ ၂
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ မြိတ်လမ်းနှင့် ဇာဒက်ကြီးကျွန်းလမ်းရှိ အမှတ်(၁)ဈေးသို့ (၂,၉,၂၀၂၆)ရက်နေ့(၀၈း၂၀)အချိန်တွင် ရန်ကုန်မြို့တော်ဝန်ဦးမျိုးမြင့်အောင် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ လာရောက်စစ်ဆေးသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဦးစိုးယု၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)ဦးဇော်မိုးထက်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်၊ ခရိုင်စည်ပင်သာယာမှ ခရိုင်မှူးဦးတင်မင်းညွှန့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်၊ မြို့နယ်စည်ပင်သာယာရေးမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးဝေမောင် နှင့် အမှတ်(၁)ဈေးတာဝန်ခံ နှင့် အဖွဲ့တို့မှ ကြိုဆိုခဲ့ကြပြီး မြို့တော်ဝန်မှ အမှတ်(၁)ဈေးအတွင်း/အပြင် ကြည့်ရှု့ခဲ့၍ ဈေးအားအဆင့်မြှင့်တင်နိုင်ရေး၊ ပျံကျဈေးသည်များအား ဈေးအတွင်းရောင်းချနိုင်ရေးနှင့် လိုအပ်သည်များ ဆောင်ရွက်ရန် မှာကြားသွားခဲ့သည်။
#News #Myanmar