



ရန်ကုန် အောက်တိုဘာ ၁၇
ဖျော်ဖြေရေးလုပ်ငန်းများနှင့် ပတ်သက်၍ စည်းကမ်းချက်များ ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖျော်ဖြေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က ကာရာအိုကေနှင့် ပတ်သက်၍ စည်ကမ်းချက် (၁၇) ချက်၊ ဖျော်ဖြေရေးလုပ်ငန်းများနှင့် ပတ်သက်၍ စည်းကမ်းချက် (၃၉) ချက်၊ ဖျော်ဖြေရေလုပ်ငန်းများနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအပေါ် တိကျစွာ လိုက်နာဆောင်ရွက်ကြရန် စသည်တို့ကို ပြောကြားသည်။
#News #Myanmar