

အာရှအမျိုးသမီးချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ် မဲခွဲပွဲ အခမ်းအနားကို မလေးရှားနိုင်ငံ အာရှဘောလုံးအဖွဲ့ချုပ်ရုံးတွင် ယနေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အုပ်စုအဆင့်ပွဲစဉ်များကို မြန်မာနိုင်ငံ ကိုယ်စားပြု ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်း၊ ဥစဘတ်ကစ္စတန် ကိုယ်စားပြု PFC Nasaf ၊ အိန္ဒိယကိုယ်စားပြု East Bengal FC တို့မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်သည်။
အုပ်စု (က)တွင် ဧရာဝတီအက်ဖ်စီ ၊ Nagoyang FC Women (မြောက်ကိုရီးယား)၊ INAC Kobe Leonessa (ဂျပန်) ၊ Bam Khatoon FC (အီရန်) နှင့်
အုပ်စု ( ခ ) တွင် East Bengal FC ၊ Hwachong KSPO (တောင်ကိုရီးယား) ၊ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ 4.25 Sports Club (မြောက်ကိုရီးယား) နှင့် အုပ်စု (ဂ)တွင် PFC Nasaf၊ Melbourne FC (ဩစတြေးလျ)၊ Beijing Jingtan (တရုတ်) ၊ Kaya FC (ဖိလစ်ပိုင်)တို့ အသီးသီးကျရောက်ခဲ့သည်။
#News #Myanmar