Myanmar National Post

ဂန့်ဂေါမြို့တွင် “ယောအလှ” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကျင်းပ




ဂန့်ဂေါ၊ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဉာဏ စွမ်းရည်တိုးတက်စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ပူးပေါင်း၍ အခြေခံပညာမူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

အခြေခံပညာမူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို “ ယောအလှ ” ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ရာ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ သည်။ အဆိုပါပန်းချီပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသည့် သုတ/ရသစာအုပ်ပြပွဲနှင့် ‘ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ’ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့အတူ မွန်းလွဲ(၁) နာရီတွင် အခြေခံပညာအလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကို ဆက်လက်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ မူလတန်းအဆင့်ပန်းချီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေမှုများကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထက်အောင်၊ ခရိုင်စီမံကိန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုမင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင် နှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံ ဒေါ်ဇာလီမြင့်တို့က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရ သည်။


မောင်မျိုးမင်း

#News #Myanmar

မူရင်းသတင်း — Myanmar National Post