Myanmar National Post

သီတဂူမျက်စိဆေးရုံတော်၌ (၁၉)ကြိမ်မြောက်မျက်စိအခမဲ့စမ်းသပ်စစ်ဆေးခွဲစိတ်ကုသပေး





ရန်ကုန်၊ စက်တင်ဘာ ၄

နိုင်ငံတော်ဩဝါဒစရိယ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ၏ ဩဝါဒကိုခံယူ၍ သီတဂူမျက်စိအထူးကု ဆရာဝန်ကြီးများက မျက်စိဝေဒနာရှင်မျာကို (၁၉)ကြိမ်မြောက် အခမဲ့စမ်းသပ်စစ်ဆေးခွဲစိတ်ကုသပေးခြင်း စသည့်သီတဂူမျက်စိအလှူတော်ကိုဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ(၁၉) ကြိမ်မြောက် သီတဂူမျက်စိအလှူတော် အစီအစဉ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)တွင်စက်တင်ဘာ ၁ရက် နေ့နှင့်၂ ရက်နေ့များ၌ စမ်းသပ်စစ်ဆေးပေးပြီး စက်တင်ဘာ ၃ ရက်မှ ၇ ရက်နေ့အထိ ခွဲစိတ်ကုသပေးခြင်းများဆောင်ရွက်ပေးသွားမည်ဖြစ်ရာ (၁၉)ကြိမ်မြောက် သီတဂူမျက်စိအလှူတော် အစီအစဉ်တွင် မျက်စိဝေဒနာရှင် (၁၃၀၀)ဦးအထိ စာရင်းပေးသွင်းထားသည်။

ယင်းအပြင် မျက်စိအခမဲ့ခွဲစိတ်မှု ခံယူထားသူတွေကိုအမြင်အာရုံကောင်းမကောင်၊မျက်စိထဲတွင် ထည့်ပေးထားသည့် မှန်ဘီလူးများ စောင်းသွားခြင်းရှိ/မရှိ၊ တည့်မတည့်၊ နေရာ​ရွေ့နေခြင်း ရှိ/မရှိအပြင် ခွဲစိတ်ထားသည့်သူများ မျက်စိအောင့်ခြင်း၊ကိုက်ခဲခြင်းတွေအတွက်အထူးကုဆရာဝန်ကြီးများက စစ်ဆေးပြီးလိုအပ်သည့် ဆေးဝါးထုတ်ပေးခြင်းများကိုလည်း ရက်သက်မှတ်ပြီးဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

သီတဂူဆရာတော်ကြီးသည် ၁၉၉၀ပြည့်နှစ် မတ်လ (၁၀)ရက်နေ့တွင်စစ်ကိုင်းတောင်ရိုး၌ သီတဂူအာယုဒါနဆေးရုံတော်ကိုစတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါတွင်သီတဂူဆေးရုံတော်များကို တိုင်းနှင့်ပြည်နယ်များတွင်ဖွင့်လှစ်ပေးခဲ့ရာ ဆေးရုံတော်ပေါင်း(၄၄)ရုံထိဖွင့်လှစ်ခဲ့ပြီးမျက်စိဝေဒနာရှင်ပေါင်း( ၂)သန်းကျော်ကိုကြည့်ရှုစစ်​ဆေးပေးခဲ့၍ မျက်စိ​​ဝေဒနာရှင် (၅)သိန်းခန့်ကို မျက်စိအလင်းအလှူ ပေးနိုင်ခဲ့ကြောင်း သိရသည်။


​နိုင်လင်း​အောင်(တာ​မွေ)

#News #Myanmar

မူရင်းသတင်း — Myanmar National Post