
စက်တင်ဘာ - ၅ ( စနေနေ့ )
"ကြေးစားစစ်သားများ" လို့ ဖော်ပြခံရပြီး လက်ရှိထောင်ဒဏ်ကျခံနေရသူ ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးတို့က အိမ်နီးချင်း မြန်မာနိုင်ငံရှိ အရပ်ဘက် လေယာဉ်တစ်စင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း အိန္ဒိယနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးအေဂျင်စီက ဒေလီတရားရုံးသို့ ထွက်ဆိုပြောကြားခဲ့သည်။
အဆိုပါ လူ ၇ ဦးကို အိန္ဒိယနိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က အိန္ဒိယနိုင်ငံရဲ့ မတူညီသော ဒေသအသီးသီးမှတစ်ဆင့် ထွက်ခွာရန် ကြိုးပမ်းနေစဉ် မတ်လအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။
ယူကရိန်းပဋိပက္ခတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ (FPV) ဒရုန်းအမျိုးအစားတစ်စင်းက ဖေဖော်ဝါရီ ၂၀ ရက်က မြစ်ကြီးနားလေဆိပ်မှ မန္တလေးသို့ ထွက်ခွာရန် ပြင်ဆင်နေသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ATR-72-600 လေယာဉ်ကို ထိမှန်တိုက်ခိုက်ခဲ့ကြောင်း ထိုစဉ်က မြန်မာသတင်းမီဒီယာများက ဖော်ပြခဲ့ကြပါတယ်။
ခရီးသည်များ တင်ဆောင်ထားသည့် အဆိုပါ လေယာဉ်၏ ခေါင်းပိုင်း၊ လေယာဉ်ဝမ်းဗိုက်အလယ်ပိုင်းနှင့် အမြီးပိုင်းတို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ အိန္ဒိယ NIA အေဂျင်စီအနေဖြင့် ယင်းတိုက်ခိုက်မှုကိုပင် ရည်ညွှန်းပြောဆိုခြင်း ဟုတ်မဟုတ်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အဆိုပါ အေဂျင်စီသည် အိန္ဒိယအစိုးရအနေဖြင့် “မြန်မာနိုင်ငံရှိ အရပ်ဘက် လေယာဉ်တစ်စင်းအား ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် အချို့သော ယူကရိန်းနှင့် အမေရိကန် နိုင်ငံသားများ ပါဝင်ပတ်သက်နေကြောင်း ဖော်ပြသည့် ခိုင်လုံသော သတင်းအချက်အလက်များ ရရှိထားတယ်” လို့ တရားရုံးသို့ ဩဂုတ် ၁၉ ရက်က ယခင် ထွက်ဆိုပြောကြားခဲ့ဖူးပါတယ်။
တရားရုံးက အဆိုပါ အဖွဲ့ထဲမှ ၂ ဦးဖြစ်သည့် ယူကရိန်းနိုင်ငံသား ဗစ်တာ ကာမင်စကီး နဲ့ အမေရိကန်နိုင်ငံသား မက်သယူး ဗန်ဒိုက် တို့အား ထောင်ထဲတွင် စစ်ဆေးမေးမြန်းခွင့်ကို အေဂျင်စီထံ ခွင့်ပြုပေးခဲ့သည်။ တရားရုံး တင်ပြချက်များ၏ အသေးစိတ်အချက်အလက်များကို Indian Express သတင်းစာက သောကြာနေ့တွင် ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။
အိန္ဒိယ NIA အေဂျင်စီ၏ ပြောကြားချက်အရ စုစုပေါင်း ယူကရိန်းနိုင်ငံသား ၁၄ ဦးသည် ကမ္ဘာလှည့်ခရီးသွား ဗီဇာများဖြင့် အိန္ဒိယနိုင်ငံအတွင်းသို့ မတူညီသော ရက်စွဲများ၌ ဝင်ရောက်ခဲ့ကြပြီး မြောက်အရှေ့ပိုင်း အာသံပြည်နယ်ရှိ ဂူဝါဟာတီ မြို့သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ကြကြောင်း၊ ထိုမှတစ်ဆင့် လိုအပ်သော ခွင့်ပြုမိန့်များ မပါရှိဘဲ မီဇိုရမ်ပြည်နယ်သို့ သွားရောက်ကာ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွက် “ကြိုတင်စီစဉ်ထားသည့် ဒရုန်းစစ်ဆင်ရေး၊ ဒရုန်းမောင်းနှင်မှု၊ တပ်ဆင်မှုနှင့် နှောင့်ယှက်ဖျက်ဆီးရေး နည်းပညာဆိုင်ရာ သင်တန်းများ” တရားမဝင် ဝင်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
REF: RT
#Myanmar #News