
ငါးသိုင်းချောင်း၊ စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ရေရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများ အား အခမဲ့ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ယာယီရေရှောင်စခန်းများသို့ လိုက်လံကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၏ ဦးဆောင်မှုဖြင့် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန် ဒေါက်တာ အောင်သက်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများက ယာယီရေရှောင်စခန်းများတွင် နေထိုင်ကြသည့် ရေဘေးရှောင် ဒေသခံပြည်သူများအား အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ရေဘေးသင့် ပြည်သူများ၏ စိတ်ဓာတ်မြှင့်တင်ရေး အားပေးစကားပြောကြားကာ မြွေအန္တရာယ်၊ အစာအဆိပ်သင့်မှု၊ ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ရေးနှင့် သန့် ၅ သန့်နှင့်အညီနေထိုင်ရေးစသည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို နယ်မြေကွင်းဆင်းအဖွဲ့များဖွဲ့စည်း၍ ကျန်းမာရေး စောင့်ရှောက်ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#Myanmar #News