Myanmar National Post

ငါးသိုင်းချောင်းမြို့၊ ရေဘေးသင့်ပြည်သူများအတွက် ရေသန့်ဖြန့်ဝေပေးနေ








ပုသိမ်၊ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ငါးသိုင်းချောင်းမြို့၊ စိန္တာမုနိစေတီတော်မြတ်ကြီးဝန်းတွင် ရေဘေးသင့်ပြည်သူများအတွက် SML Business Group ကုမ္ပဏီမှ လှူဒါန်းသည့် ရေသန့်စင်စက်တပ်ဆင်ပြီးစီးမှုနှင့် ပြည်သူများထံ ရေသန့်ဖြန့်ဝေဆောင်ရွက်နေမှုအား ယမန်နေ့က ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ မြို့မရပ်ကွက်၊ ရွှေတောင်လမ်းတွင် ရေကျဆင်းမှုအခြေအနေအားလည်းကောင်း၊ ရေကြည်မြို့နယ် ရွှေကျောင်းကုန်းတံတား ရေဖြတ်ကျော်စီးဆင်းမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေကျော်စီးဝင်မှုကြောင့် လမ်း၊ တံတားများ ပျက်စီးမှုရှိပါက လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို အချိန်မီဆောင်ရွက်ရန်နှင့် လမ်း၊ တံတားများ ကြံ့ခိုင်မှု နှင့် ယာဉ်အသွားအလာအန္တရာယ်ကင်းရှင်းရေးတို့ကို သက်ဆိုင်ရာဌာနများက ကြီးကြပ် ဆောင်ရွက်ရန် မှာကြားခဲ့သည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post