
ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာ တိုလန်း ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန် တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန် တို့သည် ယနေ့ (စက်တင်ဘာ ၅ ရက်) နေ့လယ်ပိုင်းတွင် အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ဦးစွာ အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ အား ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန် တို့သည် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန် တို့သည် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
■