Myanmar National Post

ရန်ကုန်တိုင်းဒေသကြီး၌ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ရေဘေးတွင် လှူဒါန်းခဲ့သည့် အလှူရှင်များထံ နိုင်ငံတော်သမ္မတမှ ဂုဏ်ပြုချီးမြှင့်ခဲ့သော ဂုဏ်ပြုမှတ်တမ်းလွှာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ










ရန်ကုန်၊ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၌ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ရေဘေးတွင် လှူဒါန်းခဲ့သည့် အလှူရှင်များထံ နိုင်ငံတော်သမ္မတမှ ဂုဏ်ပြုချီးမြှင့်ခဲ့သော ဂုဏ်ပြုမှတ်တမ်းလွှာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ(ငယ်)တွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာ မြို့နယ် ရေဘေးတွင် လှူဒါန်းခဲ့သည့် အလှူရှင်များထံ နိုင်ငံတော်သမ္မတမှ ဂုဏ်ပြုချီးမြှင့်ခဲ့သော ဂုဏ်ပြု မှတ်တမ်းလွှာများကို အလှူရှင်များအား အသီးသီး ပေးအပ်ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post