
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ကြူကြူလှ သည် ယနေ့ နံနက်ပိုင်းတွင် Van Phuc ပိုးထည်ရွာ (Silk village)သို့ သွားရောက်လေ့လာခဲ့သည်။
ဦးစွာ Van Phuc ပိုးထည်ရွာ (Silk village)သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၏ဇနီး မဒမ် ငိုဖုန်လီနှင့် Van Phuc ပိုးထည်ရွာ (Silk village) တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ သည် Van Phuc ပိုးထည်ရွာ (Silk village)အတွင်း လှည့်လည်ကြည့်လေ့လာရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၏ဇနီး မဒမ် ငိုဖုန်လီနှင့် Van Phuc ပိုးထည်ရွာ (Silk village) တာဝန်ရှိသူများက ဗီယက်နမ်ရိုးရာ ပိုးထည်ရက်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၏ဇနီး မဒမ် ငိုဖုန်လီ တို့သည် Van Phuc ပိုးထည်ရွာ (Silk village)အတွင်း ခင်းကျင်းပြသထားသည် ပိုးထည်များအား လိုက်လံကြည့်ရှုခဲ့ကြသည်။
Van Phuc ပိုးထည်ရွာသည် ဗီယက်နမ်နိုင်ငံ၏ အထင်ရှားဆုံး ရိုးရာပိုးထည် ယက်လုပ်သည့် ကျေးရွာများထဲမှ တစ်ခုဖြစ်ပြီး အဆိုပါကျေးရွာတွင် ပိုးထည်ယက်လုပ်သည့် ရိုးရာအမွေအနှစ်သည် နှစ်ပေါင်း (၁၀၀၀) ကျော် ရှိခဲ့ပြီး ဗီယက်နမ်ရိုးရာ ရက်ကန်းလုပ်ငန်း၏ အရေးပါသော ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် အသိအမှတ်ပြုခံထားရကြောင်း သိရသည်။
ပိုးမွေးမြူခြင်းမှ စတင်၍ ပိုးချည်မျှင် ထုတ်လုပ်ခြင်း၊ ချည်မျှင်ပြင်ဆင်ခြင်း၊ ရိုးရာ ရက်ကန်းစင်များဖြင့် ယက်လုပ်ခြင်း၊ အရောင်ဆိုးခြင်းနှင့် နောက်ဆုံးပိုးထည်များအဖြစ် ပြုလုပ်ခြင်းအထိ ပိုးထည်ထုတ်လုပ်မှု၏ အဆင့်ဆင့်ကိုလေ့လာနိုင်မည်ဖြစ်သည့်အပြင် ရိုးရာလက်မှုပညာရှင်များ၏ မျိုးဆက်အလိုက် ရက်ကန်းပညာ လက်ဆင့်ကမ်း ထိန်းသိမ်းလာပုံ၊ ခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက်ဖွံ့ဖြိုးလာပုံတို့ကိုလည်း လေ့လာနိုင်ကြောင်းနှင့် ဗီယက်နမ် ပိုးထည်လုပ်ငန်း၏ သမိုင်းနှင့် လက်မှုပညာ ထိန်းသိမ်းခြင်းတို့ကို လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အမြင့်မားဆုံးနေရာလည်းဖြစ်ကြောင်း သိရသည်။
ယင်းနောက်တွင် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၏ဇနီး မဒမ် ငိုဖုန်လီ က ဗီယက်နမ်ရိုးရာ ရေနွေးကြမ်းဖြင့် တည်ခင်းဧည့်ခံသည်။
ယင်းနောက် နှင့် Van Phuc ပိုးထည်ရွာ (Silk village) တာဝန်ရှိသူတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
Van Phuc ပိုးထည်ရွာ (Silk village)အတွင်း လေ့လာကြည့်ရှုပြီးနောက် ပြန်လည်ထွက်ခွါခဲ့သည့် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၏ဇနီး မဒမ် ငိုဖုန်လီနှင့် Van Phuc ပိုးထည်ရွာ (Silk village) တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#VanPhucပိုးထည်ရွာ #နိုင်ငံတော်သမ္မတ၏ဇနီးဒေါ်ကြူကြူလှ #elevennews
Website Link - - - >>>
■ Eleven Website:https://news-eleven.com
■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup