
နေပြည်တော်၊ စက်တင်ဘာ ၅
ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး စက်တင်ဘာ ၅ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် လေကြောင်းခရီးဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ထွက်ခွာပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန် မြို့တော်ဝန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက် ဒရေးရှင်းနိုင်ငံ သံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဒုတိယသမ္မတ ဦးဆောင်သည့် ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဒုတိယဝန်ကြီး များလည်း ပြန်လည်လိုက်ပါလာကြသည်။
#News #Myanmar