
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်” သို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (စက်တင်ဘာ ၆ ရက်)မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်သည့် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်" သို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရေးဆိုင်ရာများနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားသည်။
အဆိုပါ “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”သို့ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။