Myanmar National Post

နျူ့လက်နက်ထိန်းချုပ်ရေး စာချုပ်တွေ ပြန်ချုပ်သင့်ပြီလို့ ရုရှားဘက်က ပြောပြီ


အောက်တိုဘာ - ၂၁ ( ဗုဒ္ဓဟူးနေ့ ) 

ရုရှားနဲ့ အမေရိကန်တို့အနေနဲ့ မဟာဗျူဟာမြောက် တည်ငြိမ်ရေးနဲ့ လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို အရေးပေါ် ပြန်စသင့်ပြီလို့ ခရစ်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့က ပြောလိုက်ပါတယ်။ လက်ရှိအခြေအနေမှာ စာချုပ်အခြေပြု စနစ်တကျ ကာကွယ်ထားတာမျိုး မရှိတော့တာက အင်မတန် အန္တရာယ်များတဲ့ အနေအထာကို ဖန်တီးနေတယ်လို့ သူက ထပ်လောင်းပြောပါတယ်။

အမေရိကန်နဲ့ ရုရှားတို့ရဲ့ မဟာဗျူဟာမြောက် နူကလီးယား လက်နက်ပိုင်ဆိုင်မှုကို ကန့်သတ်ထားတဲ့ နောက်ဆုံးကျန်ရှိနေတဲ့ နှစ်နိုင်ငံသဘောတူညီချက် 'နယူး စတတ်'  စာချုပ်ဟာ သက်တမ်းတိုးတာ ဒါမှမဟုတ် အစားထိုးတာမျိုး မရှိဘဲနဲ့ ဖေဖော်ဝါရီလကတည်းက သက်တမ်းကုန်သွားခဲ့ပါပြီ။

၂၀၁၀ ပြည့်နှစ်မှာ လက်မှတ်ရေးထိုးပြီး ၂၀၂၁ ခုနှစ်မှာ သက်တမ်းတိုးခဲ့တဲ့ အဲဒီစာချုပ်က နှစ်ဖက်စလုံးကို တပ်ဖြန့်ထားတဲ့ နူကလီးယား ထိပ်ဖူး ၁,၅၅၀ နဲ့ ပစ်လွှတ်ရေးစနစ် ၇၀၀ စီမှာပဲ အများဆုံး ကန့်သတ်ထားခဲ့ပြီး ပွင့်လင်းမြင်သာမှုနဲ့ ကွင်းဆင်းစစ်ဆေးမှု စံနှုန်းတွေကိုပါ ထည့်သွင်းပေးထားခဲ့တာပါ။

စာချုပ်သက်တမ်း ကုန်သွားပြီးနောက်မှာတော့ ဝါရှင်တန်ဘက်ကသာ ပြန်လည်တုံ့ပြန်ပေးမယ်ဆိုရင် ရုရှားဘက်က နူကလီးယားထိပ်ဖူး ကန့်သတ်ချက်တွေကို နောက်တစ်နှစ် ဆက်ထားဖို့ အဆိုပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ မော်စကိုရဲ့ အဆိုပြုချက်ကို ဘယ်သူမှ ပြန်မတုံ့ပြန်ခဲ့ပါဘူး။

ဆွေးနွေးပွဲတွေကို မကြာခင် ပြန်စဖို့ လိုအပ်တယ်ဆိုတာကို ရုရှားက အခိုင်အမာ ယုံကြည်ထားတယ်လို့ အင်္ဂါနေ့က သတင်းထောက်တွေကို ပက်စ်ကော့က ပြောပါတယ်။ 'ဒါက အလွန်အရေးကြီးတဲ့ ကိစ္စပါ' လို့ သူက ဆိုပါတယ်။ 'ဒီလို သဘောတူညီချက် စာချုပ်မူဘောင် မရှိတော့တာဟာ အချိန်အကြာကြီး အတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်' လို့လည်း ပြောပြီး အခုလို အခြေအနေကို 'အလွန်အမင်း အန္တရာယ်များတယ်' လို့ တင်စားပြောဆိုခဲ့ပါတယ်။


REF: RT

#News #Myanmar


မူရင်းသတင်း — Myanmar National Post