

ပင်းတယ၊ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ အယ်လ်နီညို ရာသီဥတုကြိုတင်ကာကွယ်ရေး အသိပညာရေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အယ်လ်နီညိုဆိုတာဘာလဲ၊ (စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ဂေဟစနစ်အပေါ်သက်ရောက်မှုများ)၊ ရှောင်ရန်နှင့် ဆောင်ရန်စသည်အချက်များ ပါဝင်ကြောင်း သိရပြီး၊ ၎င်းလက်ကမ်းစာစောင်အား မြို့မစျေး၊ ကားဂိတ်၊ စျေးရောင်း စျေးဝယ် ပြည်သူများ၊ လမ်းသွားလမ်း လာပြည်သူများနှင့် ခရီးသွားဧည့်သည်များအား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး
#News #Myanmar