
တနသင်္ာရီမြစ်ရေ စိုးရိမ်ရေအမှတ်အောက်ပြန်လည်ကျဆင်းသွားပြီး ပြည်ထောင်စုကားလမ်းမကြီး ပြန်လည်သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။
တနသင်္ာရီမြစ်ရေ မှာစက်တင်ဘာ ၆ ရက်နံနက်ပိုင်းတိုင်းထွာချက်အရ သာမန်ရေမျက်နှာပြင်အထက် ၁၆ ပေ ၁၀ လက်မရှိရာစိုးရိမ်ရေအမှတ်ဖြစ်သည့် ၁၇ ပေအောက်သို့ ပြန်လည်ကျဆင်းသွားကြောင်းသိရသည်။
" တနသင်္ာရီ-ဘုတ် ပြင်းကားလမ်းက စက်တင်ဘာ ၅ ရက်နေ့ ကပြန်လည်သွား လို့ရပြီ။ လယ်တောင်ယာရွာပတ်ဝန်းကျင်မှာကားတွေပိတ်မိ နေတာ၊ရေပြန်ကျသွားတော့ကား/ဆိုင်ကယ်တွေအကုန်လုံး သွားလို့ရပါပြီ"လို့ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
တနသင်္ာရီမြစ်ရေ လွှမ်းမှုကြောင့် လူဦးရေထောင်ချီရေဘေးသင့်ခဲ့ပြီး စာသင်ကျောင်းများပိတ်ထားခဲ့ရာကာ ပြည်ထောင်စုလမ်းမကြီး အစိတ်အပိုင်းတစ်ချို့လည်းသွားလာမှု ပြတ်တောက်ခဲ့ရကြောင်းသိရသည်။
တနသင်္ာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းဖြတ်သန်းစီးဆင်းနေသည့် ရေချိုမြစ်တစ်စင်းဖြစ်သည့် တနင်္သာရီမြစ်ရေမှာ မိုးရာသီတွင်မကြာခနမြစ်ရေကြီးမှုဖြစ်ပြီး စိုးရိမ်ရေအမှတ် ၁၇ ပေ၊ အန္တရာယ်ရေအမှတ် ၂၄ ပေသတ်မှတ်ထားကြောင်းသိရသည်။
၁၉၉၄ ခုနှစ်တွင်စံချိန်တင်အဖြစ် ၃၆ ပေ၊ ၄ လက်မအထိတက်ခဲ့ပြီး၊၂၀၀၆ ခုနှစ်တွင် ပေ ၃၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် ၂၇ ပေ၊ ၃ လက်မ၊ ၂၀၂၄ ခုနှစ်တွင် ၂၇ ပေ၊ ၇ လက်မ၊ ၂၀၂၆ ခုနှစ်တွင် ၂၅ ပေ၊ ၁၀ လက်မအထိ တက်ခဲ့ကြောင်းသိရသည်။