Eleven Media Group

မြဝတီ ​ဒေါန​တောင်​ကျော် အာရှလမ်းသစ် ကွမ်းခြံ​ကွေ့ကုန်းဆင်းအနီး​ တောင်​ပေါ်ရှိ" နဘယသုခ" ​စေတီ​တော်အား ပြန်လည်ပြုပြင် ထီး​တော်တင်လှူမည်

မြဝတီ ​ဒေါန​တောင်​ကျော် အာရှလမ်းသစ် ကွမ်းခြံ​ကွေ့ကုန်းဆင်းအနီး​ တောင်​ပေါ်ရှိ" နဘယသုခ" ​စေတီ​တော် ပရဝုဏ် ခြုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်းကို စက်တင်ဘာလ ၆ ရက်​က ​ဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်မှု များ ​ဆောင်ရွက်ကာ ထီး​တော်အား ပြန်လည်တင်လှူသွားမည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါ မြဝတီ -​ကော့ကရိတ် ​ဒေါန​တောင်​ကျော် အာရှလမ်း သစ် ကွမ်းခြံကွေ့ အနီး ​တောင်ကုန်း ရှိ"နဘယသုခ"စေတီအား ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဌ ဦးစောမုတ်သုန်၏လမ်းညွှန်မှုဖြင့် BGFတပ်နယ်( ၄)-ဗျူဟာမှ ဗိုလ်မှူးစောထူးနှင့်တပ်ဖွဲ့ဝင်ရဲဘော်၊ရဲမေများကယနေ့နံနက်ပိုင်းကစေတီတော်အနီး ဝန်းကျင်နှင့်ရင်ပြင်တော်ပေါ်ရှိအမှိုက်သရိုက်များ၊ရေညှိများကိုသန့်ရှင်းအောင်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

​စေတီ​တော်အား ထီး​တော်တင်လှူ ပူ​ဇော်နိုင်ရန်အတွက် ကရင်ပြည်နယ် သာသနာ့ နုဂ္ဂဟ အသင်း ဥက္ကဌ ဦး​စောမုန်သုန်က ​မွေး​နေ့အထိမ်းအမှတ် အလှူအဖြစ် ​ငွေဟင်္သာ ​ကျောင်းတိုက်ဆရာ​တော်ထံ ဆက်ကပ်လှူဒါန်း ခဲ့ ​ကြောင်းသိရသည်။

ထို့​နောက် ​စေတီ​တော် ရင်ပြင် သန့်ရှင်း​ရေး ​ဆောင်ရွက်​နေမှု အား မြဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးရဲလင်းမောင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မော်အောင်၊မြို့နယ်စည်ပင်မှ ဒုညွှန်ကြားရေးမှူးဦးကျော်ကျော်ဦး၊ဆောက်လုပ်ရေးမှ အင်ဂျင်နီယာများ၊ BGF တပ်နယ်(၄)မှဗိုလ်မှူးစောထူး ၊မြို့မိမြို့ဖဦးသန်းရွှေ တို့နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများက "နဘယသုခ"စေတီ ​တော်မြတ် အားထီးတော်တင်လှူရန် နှင့်စေတီတော်ပြုပြင်မွမ်းမံရေး ကိစ္စရပ် များကိုပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြဝတီ​ဒေါန​တောင်​ကျော် အာရှလမ်းသစ်ရှိ အဆိုပါ ကုန်းဆင်းတွင် ​နေရပ်ပြန်မြန်မာလုပ်သားများ စီးနင်းလိုက်ပါလာသည့်ကား​ချောက်ထဲပြုတ်ကျခြင်း၊​မော်​တော်ယာဉ်များ မကြာခဏ တိမ်း​မှောက်မှုများ​ကြောင့်လူ့အသက်များစွာဆုံးရှုံး ခဲ့ရခြင်း ​ကြောင့် ဆရာ​တော်ဘုရားကြီးများက ဦးစီးပြီး ​ဘေးရန်ခပ်သိမ်း ကင်ငြိမ်​စေရန် တည်ထားကိုးကွယ်ခဲ့​သော နဘယသုခ ​စေတီ​တော် ဖြစ်သည်။

မြဝတီမြို့​တော်သို့ လာ​ရောက်လည်ပတ်ကြသည့် ရပ်နီးရပ်​ဝေးမှ ခရီးသွားပြည်သူများမှာလည်း ​ဒေါန​တော်တန်း၏သဘာဝ အလှအပ များကိုခံစားရင်း ​စေတီ​တော်မြတ်အား ဖူး​မြော်ကြည်ညိုနိုင်ကြမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group