Eleven Media Group

ညောင်တုန်းမြို့နယ်တွင် ပုသိမ်မှ ရန်ကုန်သို့ မောင်းနှင်လာသော MARK ll ယာဉ်တစ်စီး လမ်းချော်ပြီး ကုက္ကိုပင်အား တိုက်မိကာ ယာဉ်ပေါ်ပါနှစ်ဦး သေဆုံး

ညောင်တုန်းမြို့နယ်တွင် ပုသိမ်မှ ရန်ကုန်သို့ မောင်းနှင်လာသော MARK ll ယာဉ်တစ်စီး လမ်းချော်ပြီး ကုက္ကိုပင်အား တိုက်မိကာ ယာဉ်ပေါ်ပါနှစ်ဦး သေဆုံးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၄/ဝ) နှင့် (၃၄/၁) ကြားတွင် ပုသိမ်မှ ရန်ကုန်သို့ မောင်းနှင်လာသော TOYOTA MARK ll အဖြူရောင်ယာဉ်သည် လမ်းချော်ပြီး ကုက္ကိုပင်အား ဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး ‌သေဆုံးခဲ့ပြီး သေဆုံးသူများကို သစ္စာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

မူရင်းသတင်း — Eleven Media Group