
မြိတ်တက္ကသိုလ်နှင့်တရုတ်နိုင်ငံ၊အဏ္ဏဝါတက္ကသိုလ်တို့အကြားနားလည်းမှုစာချွန်လွှာ MOU လက်မှတ်ထိုးခဲ့ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒသကြီး၊မြိတ်ခရိုင်၊မြိတ်မြို့၊တက္ကသိုလ်ရပ် ကွက်၊နတ်စင်လမ်းရှိမြိတ်တက္ကသိုလ်ပင်မဆောင်၊ ပုလဲသစ္စာခန်းမ၌မြိတ်တက္ကသိုလ်နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ရှမန်မြို့ရှိတတိယအဏ္ဏဝါတက္ကသိုလ်တို့အကြားနားလည်မှုစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးပွဲအခမ်းအနားကို စက်တင်ဘာ ၇ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြိတ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာဝင်းဝင်းအိနှင့်တတိယအဏ္ဏဝါတက္ကသိုလ်ညွှန်ကြားရေးမှူးချုပ် Dr. Zhang Haifeng တို့ကအမှာစကားအသီးသီးပြောကြားခဲ့ ကြပြီး၊တတိယအဏ္ဏဝါတက္ကသိုလ်၏သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍မိတ်ဆက်ဗီဒီယိုပြသခဲ့ကြောင်းသိရသည်။မြိတ်တက္ကသိုလ်ပါမောက္ခချုပ်နှင့်တတိယအဏ္ဏဝါတက္ကသိုလ်ညွှန်ကြားရေးမှူးချုပ်တို့ကသုတေသနလုပ်ငန်းဆိုင်ရာနားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။စာချွန်လွှာများနှင့်အမှတ်တရ လက် ဆောင်ပစ္စည်းများအပြန်အလှန်လဲလှယ်ပေးအပ်ခဲ့ကြကာ၊စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။
ပင်လယ်နှင့်ကမ်းရိုးတန်းဆိုင်ရာသယံဇာတများရေရှည်တည်တံ့ပြီးဒေသတွင်းလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုစေရန်နှင့်ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနှင့်ဆက်စပ်သောသတင်းအချက်အလက်များသိရှိနိုင်ရန်အတွက်ပင်လယ်ရေ ရေအရည်အသွေးတိုင်းတာရေးစက်ကိုမြိတ်မြို့အနီးရှိ ပထော်ကျွန်း၏အနောက်ဘက်ကမ်းတွင် တပ်ဆင်၍အဏ္ဏဝါဗေဒဆိုင်ရာပင်လယ်ပြင်တိုင်းတာရေး သုတေသနလုပ်ငန်းများအားမြိတ်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာနမှဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။