
နေပြည်တော်၊ စက်တင်ဘာ ၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၄ ရက်နေ့ ၂၃၄၅ အချိန် မိုင်းပျဉ်းမြို့နယ်၊ ပန်မော်(၂၀)မိုင်ကျေးရွာအနီး၊ ကျိုင်းတုံ - တောင်ကြီးသွားကားလမ်းတွင် စိုင်းစံထွန်း မောင်းနှင်လာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်နှင့် ယောလှ မောင်းနှင်လာသည့် TOYOTA HILUX TIGER အမျိုးအစား မော်တော်ယာဉ်တို့အား စိုင်းစံထွန်း မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း အလေးချိန် ၁,၀၂၀ ကီလို (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၀၂၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား လည်းကောင်း၊ ယောလှ မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း အလေးချိန် ၉၈၀ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၈၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စိုင်းစံထွန်း(၄၂)နှစ် နှင့် ယောလှ တို့အား မိုင်းပျဉ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#Myanmar #News