





ပခုက္ကူ၊ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ခုဘဏ္ဍာရေးနှစ် ချည်မျှင်ရှည်ဝါသီးနှံဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေဖြင့် ပခုက္ကူမြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများအား သွင်းအားစုမြေသြဇာထောက်ပံ့ ပေးအပ်ပွဲကို စက်တင်ဘာလ၉ရက် နံနက်၈နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်လင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက် ပျိုးရေးဦးစီးမှူး ဦးစန်းလွင်က တောင်သူများ၏ ချည်မျှင်ရှည်ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ် ဧကအထွက်နှုန်းတိုးတက်မြင့်မားရေးနှင့်အရည်အသွေးကောင်းမွန်စေရေးရည်ရွယ်၍ သွင်းအားစုမြေသြဇာ များ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅)အုပ်စုမှ တောင်သူ(၉၂)ဦး၏ ချည်မျှင်ရှည်ဝါ စိုက်ဧရိယာ(၄၅၁)ဧကအတွက် ကွန်ပေါင်းမြေသြဇာ(၅၆)အိတ်အား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#Myanmar #News