
(၇၄)ကြိမ်မြောက် အဘအောင်မင်းခေါင် ထွက်ပွဲ အောင်ပွဲ ၊ပူဇော်ပွဲ၊ပြည်တော်ဝင်ပွဲ၊ကျေးဇူးဆပ်ပွဲအား နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပသော ခြံအမှတ်(၃၄)ဝေဇယန္တာလမ်းမကြီး၊မိချောင်းကန်အပိုင်း(၂) သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးရှိ မဟာဂန္ဓာရီသာသနာပြုယောက်ကော်ဆရာလေး၏ ရွှေယောက်ကော်စံအိမ်တော်ကြီးတွင် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းမှ စတင်ကာ ကျင်းပ လျက်ရှိ သည်။
အဘထွက်ပွဲ အထိမ်းအမှတ်အလှူအဖြစ် တစ်ဦးလျှင် ကျပ်(၄)သိန်း ဖိုးခန့်ရှိ ပစ္စည်းများကို လူ(၅၀၀၀) အတွက် လှူဒါန်းပေးသွားမည်ဖြစ်ရာ စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်းမှ စတင်ကာ ညအိပ် စောင့်ဆိုင်းနေသည့် ပြည်သူများကို တွေ့မြင်ရသည်။
ယင်းအခမ်းအနားကြီး အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၈ ရက် (အင်္ဂါနေ့)နံနက် ၉ နာရီတိတိအချိန်တွင် ကျေးဇူးရှင် အဘဘိုးမင်းခေါင်ကြီး၏ ရုပ်ထု (၁၆၆)ဆူကို အနယ်နယ်အရပ်ရပ်မှ ခုနှစ်ရပ်သားသမီးများအား Live လွှင့်၍ ကံစမ်းမဲဖောက်ပြီး အခမဲ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။