Eleven Media Group

လူငယ်ဆိုင်ရာ သိပ္ပံအသိပညာပေး ကူးလူးဖလှယ်ရေး ပလက်ဖောင်းတစ်ခုဖြစ်သည့် “Science Club” လှုပ်ရှားမှုနှင့် “နက်ပြာရောင် ရင်ခုန်သံ” ပူးပေါင်းဖန်တီးမှုများ စုစည်းမှုအခမ်းအနား တရုတ်-မြန်မာ ပူးပေါင်းကျင်းပ

China Media Group (CMG) နဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း (ELBC) တို့ ပူးပေါင်းကျင်းပတဲ့ “Science Club” လှုပ်ရှားမှုနှင့် “နက်ပြာရောင် ရင်ခုန်သံ” ပူးပေါင်းဖန်တီးမှုများ စုစည်းမှု စတင်ခြင်းအခမ်းအနားကို စက်တင်ဘာ ၅ ရက်က ကျင်းပခဲ့ပြီး ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“Science Club” သည် China Media Group (CMG) က မကြာသေးမီနှစ်များအတွင်း အထူးဖန်တီးထားတဲ့ လူငယ်ဆိုင်ရာ သိပ္ပံအသိပညာပေး ကူးလူးဖလှယ်ရေး ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ ၎င်းဟာ လူငယ်များ၏ သိပ္ပံနည်းပညာဆိုင်ရာ အရည်အသွေးကို မြှင့်တင်ရန်၊ သိပ္ပံမျိုးစေ့များ ကြဲချပေးရန်၊ တီထွင်ဖန်တီးလိုစိတ်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ကြောင်း၊ CMG က တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာပြတိုက်နဲ့ ပူးပေါင်းပြီး “နက်ပြာရောင် ရင်ခုန်သံ” ပူးပေါင်းဖန်တီးမှုများ စုစည်းမှု အစီအစဉ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

ELBC မှ ကျောင်းအုပ်ဆရာကြီး ဝမ်ချုံးရှီက ယခုအကြိမ် CMG နဲ့ ပူးပေါင်းကျင်းပတဲ့ “Science Club” လှုပ်ရှားမှုနှင့် “နက်ပြာရောင် ရင်ခုန်သံ” ပူးပေါင်းဖန်တီးမှုများ စုစည်းမှု အစီအစဉ်ဟာ ကျောင်းရဲ့သိပ္ပံပညာရေးကို မြှင့်တင်ရန်၊ ကျောင်းသားများရဲ့ ဗဟုသုတအမြင်များကို တိုးချဲ့ပေးရန်အတွက် အရေးပါတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သိပ္ပံပညာရပ်အပေါ် စူးစမ်းလေ့လာလိုစိတ်တို့ကို ထိန်းသိမ်းထားရန်၊ “နက်ပြာရောင် ရင်ခုန်သံ” ပူးပေါင်းဖန်တီးမှုများ စုစည်းမှု အစီအစဉ်မှာ တက်ကြွစွာပါဝင်ရန်၊ ပန်းချီစုတ်ချက်၊ စကားလုံးများဖြင့် သိပ္ပံပညာရပ်နဲ့ပတ်သက်တဲ့ မိမိတို့ရဲ့ စိတ်ကူးအယူအဆများနဲ့ အတွေးအခေါ်များကို ဖော်ထုတ်ကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group