Duwun

အကျိတ်အနယ်ယှဉ်ပြိုင်ကြမယ့် Royal-D GOLDEN BELT CHAMPIONSHIP 2026

အားကစားရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး SAI ZAW ZAW GROUP မှ စီစဉ်ကျင်းပတဲ့ "Royal-D GOLDEN BELT CHAMPIONSHIP 2026" ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲကြီးကိုတော့ စက်တင်ဘာလ (၆) ရက်‌‌ေန့နဲ့ စက်တင်ဘာလ (၂၀) ရက် နေ့ နေ့လယ် (၁) နာရီမှာ သိမ်ဖြူရိုးရာလက်ဝှေ့ရုံမှာ ကျင်းပမှာဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အကောင်းဆုံး ရိုးရာလက်ဝှေ့ကလပ်အသင်းတွေက ထိပ်တန်းလက်ဝှေ့သမား (၃၀) ဦးက ဝိတ်တန်း (၆) တန်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာဖြစ်လို့ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ #DuwunSports #RoyalDGOLDENBELTCHAMPIONSHIP2026 #မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် #RoyalD

မူရင်းသတင်း — Duwun