
ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်ဝန်က မြန်မာနိုင်ငံ၊ မြိတ်ခရိုင်နှင့်ကုန်သွယ်မှုမြှင့်တင်ရေးအတွက် လာရောက်ဆွေးနွေးခဲ့ ကြောင်း သိရသည်။
စက်တင်ဘာ ၉ ရက်နေ့က ထိုင်းနိုင်ငံ၊ပရာကျွပ်ခီရီခန်ခရိုင်၊ ခရိုင်ဝန် Mr.SITTHICHAI SWADSAEN ပါ (၁၁)ဦးမှာ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် စီးပွားရေးလုပ်ငန်းရှင်များအား လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင်နှင့်ပရကျွပ်ခီရီခန်ခရိုင်တို့အကြား ညီအစ်မမြို့တော်များကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုနှင့်ချစ်ကြည်မှုတိုးတက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးစီမံကိန်း ဆွေးနွေးပွဲကို မြိတ်မြို့၊မြစ်ငယ်ရပ်ကွက်၊ဗဟိုလမ်းရှိ Hotel Grand Jade ၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
"ကုန်သွယ်ရေးနှင့်ပတ်ပြီး မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ဆင်းခွန်နယ်စပ်ကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်ထားပြီးဖြစ်တယ်၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိကိုဗစ်မတိုင်မီကာလများမှာမြိတ်ခရိုင်နှင့် ပရာကျွတ်ခရိုင်တို့အကြား ကုန် သွယ်မှုနှင့်ပတ်သက်ပြီး (၁၅)ကြိမ်ခန့်တွေ့ဆုံဆွေးမှုများပြုလုပ်ခဲ့ပြီးဖြစ်တယ်၊ မြိတ်ခရိုင်အနေဖြင့်အဓိကအားဖြင့် ရေထွက်ပစ္စည်း၊ ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဋ်စေ့တို့အဓိကထွက်တယ်၊ ကျွန်းပေါင်း (၈၀၀)ကျော်ရှိပြီးလည်ပတ်အပန်း ဖြေရာနေရာများစွာရှိတယ်၊ မြိတ်ခရိုင်နှင့်ပရာကျွတ်ခီရီခန်ခရိုင်တို့ဆိုတာ ညီအစ်မမြို့တော်များအဖြစ် လက်မှတ်မရေး ထိုးမီကတည်းချစ်ကြည်ရင်းနှီးမှုရှိခဲ့ပါသည်ဟု မြိတ်ခရိုင်ကုန်သည်ကြီးများအသင်းဉက္ကဌ ဉီးလှသန်းမှပြောကြားခဲ့သည်။
နှစ်နိုင်ငံ ကိုယ်စားလှယ်များကကဏ္ဍအလိုက် အပြန် အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြကြောင်းသိရသည်။
မြိတ်နှင့်ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်မှာ ကုန်းလမ်းမှမိုင် ၁၂၀ ကျော်သာကွာဝေးပြီး အရှေ့ဘက်ပင်လယ်နှင့်အနောက်ဘက်ပင်လယ်ကို ချိတ်ဆက်ထားသည့်စီးပွားရေးမြို့များဖြစ်ကြောင်း သိရသည်။ လက်ရှိအနေထားတွင်နယ်မြေတည်ငြိမ်မှုမရှိသေးသည့်အတွက် ကုန်သွယ်မှုမပြုလုပ်နိုင်သေးကြောင်း သိရသည်။