Myanmar National Post

VIBE KTV တွင် တွဲဖက်တရားသူကြီး ၂ဦး အပါအဝင် ကျား ၂၃ဦး၊ မ ၁၀ဦး မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ


ရန်ကုန်၊ အောက်တိုဘာ ၂၆

တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ် ကွက်၊ စက်မှု(၆)လမ်းရှိ VIBE KTV တွင် အောက်တိုဘာ ၂၅ ရက်နေ့ နံနက် ၁ နာရီခန့်က အုတ်တွင်းနှင့် ဖြူးမြို့နယ် တွဲဖက်တရားသူကြီးတို့ ကျား ၂၃ ဦးနှင့် မ ၁၀ ဦးတို့မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

VIBE KTV တွင် မှုးယစ်အထူးအဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးခံရသူများထဲတွင် အုတ်ဖိုမြို့နယ် တွဲဖက်တရားသူကြီး နွယ်နီမြင့်၊ ဖြူးမြို့နယ် တွဲဖက်တရားသူးကြီး အိမ့်မှူးခင်နှင့် နေပြည် တော်၊ အမှတ်(၂) တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးတို့ပါဝင်သည်။

၎င်းတို့ကိုကို Happy Water ၊ အက်တစီဆေးပြား၊ ကက်တမင်းနှင့် WY‌ ဆေးပြားများနှင့် အတူဖမ်းဆီးရမိခြင်းဖြစ်ပြီး VIBE KTV ကိုယ်စားလှယ်အား ခေါ်ယူစစ်ဆေးပြီး အမှုဖွင့်လှစ်နိုင်ရေးနှင့် ကွင်းဆက်တရားခံ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post