Eleven Media Group

■ စုံ/မ စနစ် ပယ်ဖျက်ပြီးနောက် ရန်ကုန်မြို့အတွင်း ယာဉ်သွားလာမှု မြင်ကွင်းများ

စုံ/မ စနစ် ပယ်ဖျက်ပြီးနောက် စက်တင်ဘာ ၁၀ ရက်က ရန်ကုန်မြို့အတွင်း ယာဉ်သွားလာမှု ပုံမှန်အတိုင်း ပြန်လည်များပြားလာသည်ကိုတွေ့ရသည်။

စက်တင်ဘာ ၁၀ ရက်(ယနေ့)တွင် စုံ/မစနစ် ပယ်ဖျက်ခြင်းမရှိပါက စုံအက္ခရာများသာ သွားလာရမည်ဖြစ်သော်လည်း စုံ/မ စနစ် ပယ်ဖျက်ခဲ့သည့်အတွက် မအက္ခရာယာဉ် အများအပြားလည်း သွားလာလျက်ရှိကာ စုံ/မ စနစ်မရှိစဉ်ကကဲ့သို့ပင် ယာဉ်သွားလာမှုပြန်လည်များပြားလာသည်ကို တွေ့ရသည်။

" စနစ်ကို ဖျက်သိမ်းပေးလိုက်တော့ အရင်ရက်တွေထက် ကားတွေ လမ်းပေါ်မှာ ပိုများလာတယ်"ရန်ကုန်မြို့အတွင်း အငှားယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၉ ရက်မှ စတင်ကာ မော်တော်ယာဉ် ခွဲခြားမောင်းနှင်ရသည့် စုံ မ စနစ်ကို ပြန်လည်ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group