
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်လာသည့်မြန်မာ နိုင်ငံသား ၉၇ ဦးကို ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားရွှေပြောင်းလုပ်သားများမှာ ထိုင်းနိုင်ငံ၊ ရနှောင်းမြို့မှမြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ စက်တင်ဘာ ၁၀ ရက်က ပြန်လည်ရောက်ရှိလာရာ တာဝန်ရှိသူများကကြို ဆိုပြီးလိုအပ်သည့် စစ်ဆေးမှု များပြုလုပ်ကာ နေရပ်အသီးသီးသို့ပြန်နိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်းသိရသည်။
မြန်မာ နိုင်ငံသားများတွင်အမျိုးသား ၈၀ ဦး၊အမျိုးသမီး ၁၇ ဦးပါ ဝင်ပြီးထိုင်းနိုင်ငံတောင်ပိုင်း ၁၄ ခရိုင်တွင် ပြစ်ဒဏ်ကျခံပြီးသူများဖြစ်ကြောင်းသိရသည်။
ထ်ိုင်းနိုင်ငံ၊ရနှောင်းမြို့ ၊ လဝက အချုပ်ထောင်တွင် ခေတ္တထိန်းသိမ်းထားပြီးမြန်မာ အလုပ်သမားသံအရာရှိ ဦးဆောင်ကာ ရေလမ်းခရီးမှ လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးခြင်း၊အမည်မည်းစာရင်းစစ်ဆေးခြင်း၊လူကုန်ကူးမှု၊လူကုန်ကူးခံရသူ၊ နိုင်ငံခြားသားများရောနှောပါဝင်လာမှုရှိမရှိ စစ်ဆေးပြီးနေထိုင်ရာဒေသများသို့ပြန်နိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။