
ပြည်ပြေး ဝရမ်းပြေး သာလွန်ဇောင်းထက် ဦးဆောင်တဲ့ ခေတ်ပျက် မီဒီယာမှာ ခေါကြီး မင်းကိုနိုင်နဲ့ BE ရည်မွန်တို့ရဲ့ အကြမ်းဖက်လှုံ့ဆော်မှုကို ခေါင်းတင်ပြီး ရေးသားလှုံ့ဆော်ထားတဲ့ သတင်းတစ်ပုဒ် တွေ့မြင်ရပါတယ်။ တပ်မတော်က စစ်မှုထမ်း ခေါ်နေတာကို တိုက်ဖျက်ရေး NUG အကြမ်းဖက်အဖွဲ့က လူငယ်များကို တော်လှန်ရေးနယ်မြေများသို့ ဖိတ်ခေါ်ပြီး အစီအစဉ်များစွာပါဝင်သော ကြေညာချက်ကို ထုတ်ပြန်မည်ဟု BE ရည်မွန် ပြောဆိုတာကို ကိုးကားဖော်ပြထားပါတယ်။ ခေါကြီး မင်းကိုနိုင် က "စစ်ဖိနပ်အောက်တွင် လူငယ်များ ဘဝနှင့်အသက်ကို အချည်းနှီး အဖြစ်မခံကြရန် မင်းကိုနိုင် တိုက်တွန်း" ဆိုပြီး ခေါင်းတည်ထားပါတယ်။
BE ရည်မွန်ဆိုတာ က NUG အကြမ်းဖက်အဖွဲ့ဝင် တစ်ဦးအနေနဲ့ အကြမ်းဖက်လှုံ့ဆော်မှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့သူပါ။ ခေါကြီး မင်းကိုနိုင် ကတော့ အကြမ်းဖက်လှုံ့ဆော်မှုတွေ ပြုလုပ်ပြီး အမေရိကန်ကို ထွက်ပြေးရောက်ရှိသွားသူ ဖြစ်ပါတယ်။ သူကတော့ ပေါ်တစ်ခါ ပျောက်တစ်လှည့် အကြမ်းဖက်လှုံ့ဆော်မှုတွေ ပြုလုပ်ဖို့ လိုအပ်လာပြီဆိုရင် ပြည်ဖျက်မီဒီယာတွေနဲ့ ဆက်သွယ်ပြီး ပေါက်ပန်းစေး လှုံ့ဆော် ပြောဆိုမှုတွေ လုပ်ဆောင်နေ့ ရှိပါတယ်။
ခေါကြီး မင်းကိုနိုင်နဲ့ BE ရည်မွန် တို့ ဆွေးနွေးပြီး BE ရည်မွန် က စစ်တပ်က လူငယ်များကို အတင်းအကျပ်ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် ဆွဲသွင်းနေမှုကို တိုက်ဖျက်ရေးအတွက် လူငယ်များအနေဖြင့် တော်လှန်ရေးနယ်မြေများသို့ လာရောက်ရေး ဖိတ်ခေါ်ပြီး ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်စောင့်ရှောက်ရေး၊ ပြည်ပထွက်ခွာနိုင်ရေး၊ လူထုဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်ငန်းများတွင်လည်း ပါဝင်လုပ်ကိုင်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
BE ရည်မွန်ရဲ့ ပြောစကားဟာ ဘယ်လောက်အထိ ယုတ္တိရှိနေပါသလဲ။ ဆန်းစစ်ဖို့ လိုပါတယ်။ သူကိုယ်တိုင် ပြည်ပြေး ဝရမ်းပြေး အရက်သမားတစ်ယောက်အဖြစ်နဲ့ လူရာသွင်းမခံရတဲ့ လူ့အောက်တန်းစား ဖြစ်နေပါတယ်။ ပြည်ပကနေ PDF အကြမ်းဖက်သမား နီပိန်းများကို သွေးထိုးလှုံ့ဆော်ပြီး ပညာရေး၊ ကျန်းမာရေး အပါအဝင် ကဏ္ဍစုံကို နည်းမျိုးစုံနဲ့ ဖျက်ဆီးခိုင်းနေတဲ့ ပြည်ဖျက်မိစ္ဆာ တစ်ကောင် က လူငယ်တွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချနိုင်ဖို့ ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်စောင့်ရှောက်ရေး၊ ပြည်ပထွက်ခွာနိုင်ရေး စီစဉ်ပေးမယ်ဆိုတာက လက်ရှိမြေပြင်မှာ နီပိန်း ပဒက် ငမိုက်သားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ များစွာ ကွဲလွဲနေပါတယ်။ PDF အကြမ်းဖက်သမား နီပိန်းများမှာ ပညာသင်ကြားခွင့်မရသည့်အပြင် PDF ခေါင်းဆောင်တွေရဲ့ နည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပမ်းခြင်းကို ခံနေကြရတာ ဖြစ်ပါတယ်။ နီပိန်း လူငယ်တွေအပေါ် PDF ခေါင်းဆောင်တွေအနေနဲ့ ဘယ်လောက်အထိ ယုတ်မာသလဲ။ လူငယ် ၅ဦး ကို အလင်းပြန်ဝင်ချင်လား၊ လက်နက်ချချင်လား လို့ မေးမြန်းပြီး လူငယ်တွေက စိတ်ရင်းအတိုင်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ချင်တယ်လို့ ပြောခဲ့တဲ့အတွက် အစုလိုက် အပြုံလိုက် သတ်လိုက်ကြတာကို တွေ့မြင်ခဲ့ရပါတယ်။
ပြည်တွင်းမှာ ရှိနေတဲ့ PDF အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်နဲ့ မစားရ ဝခမန်းပြောဆိုနေတဲ့ BE ရည်မွန် ရဲ့ ပြောဆိုချက်ဟာ ဘယ်လိုမှ ဆက်စပ်မှု ရှိမနေပါဘူး။ လူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် ဘယ်လောက်အထိ လုပ်ဆောင်နိုင်စွမ်း ရှိသလဲဆိုတာက အပြောနဲ့ မရပါဘူး။ ကမ္ဘာပတ်ပြီး ခွက်ခေါက်လို့ ရထားတဲ့ ငွေထဲက ဘယ်လောက်ပမာဏ ပညာရေး၊ ကျန်းမာရေးအတွက် စီစဉ်ထားပါတယ်ဆိုတာမျိုး NUG အကြမ်းဖက်အဖွဲ့ရဲ့ အစီအစဉ်ထဲမှာ မရှိပါဘူး။ လက်နက်ခဲယမ်း ဝယ်ယူဖို့ ခွက်ခေါက်ကြပြီး အလွဲသုံးစားလုပ်ကြလို့ ပြဿနာတွေ မကြာခဏ ပေါ်ပေါက်ခဲ့တာမျိုးပဲ ရှိပါတယ်။ ဒါကြောင့် BE ရည်မွန် က လူငယ်တွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချလိုတဲ့အတွက်ကြောင့် ပညာရေး၊ ကျန်းမာရေးနဲ့ မက်လုံးပေးတဲ့ စကားဟာ ယုတ္တိမရှိပါဘူး။
BE ရည်မွန်ရဲ့ ပြောစကားမှာ လူငယ်များကို ပြည်ပထွက်ခွါနိုင်ရေး စီစဉ်ပေးမယ်ဆိုတဲ့ စကားကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင်လည်း သူတို့တွေသာ ထိုင်းနိုင်ငံကနေတစ်ဆင့် တတိယနိုင်ငံကို အရောက်ပြေးခဲ့ကြတာပါ။ နီပိန်း ပဒက်တွေမှာ မြန်မာနိုင်ငံထဲကနေ ထိုင်းဘက်ကို တရားမဝင်ထွက်ဖို့တောင် လွန်စွာခက်ခဲပါတယ်။ ခေါကြီး မင်းကိုနိုင်၊ BE ရည်မွန် တို့ ခိုလှုံခွင့်ရနေတဲ့ အမေရိကန်လို နိုင်ငံမျိုးမှာဆိုရင် မြန်မာနိုင်ငံကလူတွေကို ပြည်ဝင်ခွင့်တောင် မပေးတော့ပါဘူး။ ပြင်သစ်မှာ နေထိုင်လျက်ရှိတဲ့ မဲမဲကျော်သိန်း ကိုတောင် ပြည်ဝင်ခွင့်မပေးတာ၊ မြန်မာနိုင်ငံက တိုက်ရိုက်လာမယ်ဆိုရင် ပိုပြီး ဝေးပါတယ်။ NUG အကြမ်းဖက်အဖွဲ့ဝင်တချို့ ခိုလှုံခွင့်ရနေတဲ့ ဥရောပနိုင်ငံတွေမှာလည်း လူဝင်မှုကြီးကြပ်ရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်လို့ ခေါကြီး မင်းကိုနိုင်၊ BE ရည်မွန် တို့ တတိယနိုင်ငံကို အရောက်ပြေးသလို အကြမ်းဖက်သမားများအဖြစ် ပြည်တွင်းမှာ ကျန်ရှိနေတဲ့ နီပိန်း ပဒက်များ ပြည်ပထွက်ခွါနိုင်ဖို့ စီစဉ်ပေးမယ်ဆိုတာ လုံးဝကို ယုတ္တိမရှိပါဘူး။ သူတို့ ထွက်ပြေးနိုင်ဖို့ကိုတောင် သူတို့ကိုယ်တိုင် စီမံနိုင်တာ မဟုတ်ပါဘူး။ အမေရိကန်သံရုံးရဲ့ အကူအညီနဲ့ ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။ သူတို့မှာ ဘာဆိုဘာမှ လုပ်ပိုင်ဖွင့်မရှိဘဲ နီပိန်း လူငယ်တွေကို မဖြစ်နိုင်တာတွေ မက်လုံးပေးပြီး အကြမ်းဖက်သမားများအဖြစ် ပါဝင်လာအောင် လေတိုက်နေတာဟာ အင်မတန် ယုတ်မာကောက်ကျစ်သူ ဖြစ်ပါတယ်။
အတင်းအကျပ် စစ်မှုထမ်းခိုင်းခံရမည့် အန္တရာယ်ရှိနေသည့် လူငယ်များအနေ ဖြင့် တော်လှန်ရေးနယ် မြေများသို့ လာရောက်နိုင်ကြောင်း၊ မကြာမီ စစ်တပ်၏ စစ်မှုထမ်း အတင်းအကျပ် စုဆောင်းခံရမည့် လူငယ်များအတွက် NUG က ကြေညာချက်တစ်ရပ် ထုတ်ပြန်မည်ဖြစ်ကြောင်း BE ရည်မွန် က ပြောတယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ လူငယ်များကို မှန်ကန်စွာ သိမြင်စေချင်တာက တပ်မတော်ဆိုတာ တိုင်းပြည်ကို ကာကွယ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ တပ်မတော်က စစ်မှုထမ်းခေါ်တယ်ဆိုတာ လူငယ်များ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့ ကိုယ့်တိုင်းပြည်မှာ အရေးကြုံလာရင် အသင့်ဖြစ်နေစေဖို့ ဥပဒေနဲ့အညီ စစ်မှုထမ်းခေါ်ဆောင်ခြင်း ဖြစ်ပါတယ်။ စစ်မှုထမ်းခေါ်ခြင်းနဲ့ ပတ်သက်လို့ ဥပဒေမဲ့ လုပ်ရပ်တွေ ဖြစ်လာတယ်ဆိုတာကလည်း စစ်မှုထမ်းနဲ့ ပတ်သက်လို့ တိမ်းရှောင်တာတွေ များလာခြင်းကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ စစ်မှုထမ်းရမှာစိုးလို့ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များထဲ ရောက်သွားပြီဆိုရင်တော့ ဘဝဟာ လူညွန့်တုံးပြီလို့သာ မှတ်ပေတော့။ ပြည်ပြေး ဝရမ်းပြေး ခေါကြီး မင်းကိုနိုင်၊ BE ရည်မွန် တို့ ဆိုတာ အာချောင်တာပဲ ရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ဘာမှမရှိပါဘူး။ သူတို့ရဲ့ စကားတွေကို ယုံစားပြီး PDF ထဲ ရောက်သွားတဲ့ အမျိုးသမီးငယ်တွေကို PDF ခေါင်းဆောင်တွေက အဓမ္မပြုကျင့်စော်ကားပြီး ဖျက်ဆီးပစ်တယ်။ အမျိုးသား လူငယ်တွေမှာ ထားရာနေ စေရာသွား လူ့ငနွားများအဖြစ်နဲ့ ထမင်းတောင်နပ်မှန်အောင် မစားရလို့ လူငယ်တချို့ ဥပဒေဘောင်အတွင်း အရဲစွန့်ပြီး ဝင်လာကြတာကို သင်ခန်းစာယူပါ။ ခေါကြီး မင်းကိုနိုင်၊ BE ရည်မွန် တို့ ပြောသလိုသာ PDF အကြမ်းဖက်အဖွဲ့ထဲမှာ ပညာရေး၊ ကျန်းမာရေး လိုလေသေးမရှိ ပြည့်စုံနေမယ်၊ ပြည်ပကို ထွက်ချင်တဲ့အချိန် ထွက်လို့ ရနေမယ်ဆိုရင် လူငယ်တွေကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ပါ့မလား။ ဒါက ရိုးရှင်းလွန်းနေပါတယ်။
“ဒီလူငယ်တွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေကို လာကြမလားပေါ့။ တော်လှန်ရေးနယ်မြေတွေကို လာမယ်ဆိုရင်လည်း ကျွန်တော်တို့ ဖိတ်ခေါ်ထားတာရှိတယ်” လို့ BE ရည်မွန်က ပြောထားပါတယ်။ BE ရည်မွန် ရဲ့ စကားကို ယုံစားပြီး PDF အဖွဲ့ထဲ ရောက်သွားတာနဲ့ အထက်မှာ ပြောခဲ့သလိုပဲ လူညွန့်တုံးပြီ။ နေရင်းထိုင်းရင်း ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်ပါးစေ၊ အကြမ်းဖက်သမား လူ့ငနွားဖြစ်သွားပါပြီ။ အကြမ်းဖက်နှိမ်နင်းရေး ထိရောက်စွာ ဆောင်ရွက်လာပြီဆိုရင် အကြမ်းဖက်သမားများအဖြစ်နဲ့ ဘဝနိဂုံး အဆုံးမလှ ဖြစ်ရပါလိမ့်မယ်။ PDF အကြမ်းဖက်သမားများအဖြစ်နဲ့ တိုက်ပွဲဝင်ပြီး သေဆုံးသွားတဲ့ နီပိန်း ပဒက်တွေကို ဂုဏ်ပြုပါတယ်ဆိုပြီး လမ်းဘေးမှာ အုတ်ဂူနီတွေ ပြုလုပ်ပြီး ဂုဏ်ပြုထားတာတွေတောင် တပ်မတော်က ပြန်လည်ရှင်းလင်း ထိန်းချုပ်ပြီဆိုတာနဲ့ အကြမ်းဖက်သမားရဲ့ အုတ်ဂူကိုတောင် မှတ်တမ်းအဖြစ် မထားပါဘူး။
ဒီဆောင်းပါးကို ရေးရခြင်းက ခေါကြီး မင်းကိုနိုင်၊ BE ရည်မွန် တို့ရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိတဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို လူငယ်တွေ နားယောင်ပြီး လမ်းမှား ရောက်မှာစိုးလို့သာ ရေးသားခြင်း ဖြစ်ပါတယ်။
ခေါကြီး မင်းကိုနိုင်ကလည်း စစ်အုပ်စု၏ ဖိအားပေးမှုအောက်တွင် ဆက်လက်နေထိုင်မည့်အစား တော်လှန် ရေးနယ်မြေများသို့ ရုန်းထွက်လာကြရန် တိုက်တွန်းခဲ့တယ်လို့ ခေတ်ပျက်မီဒီယာက ရေးသားဖော်ပြထားတယ်။ “စစ်ကောင်စီရဲ့ ဖိနပ်အောက်မှာ ရှိနေတဲ့နေရာမှာတော့ အချည်းနှီး ဖြစ်မခံနဲ့၊ ဒီဘက်ကို ရုန်းထွက်လာခဲ့ပေါ့။ ဒီဘက်မှာ ဘာမဆို အတူရင်ဆိုင်ကြဖို့ အဆင်သင့်ရှိတယ်” လို့ ခေါကြီး မင်းကိုနိုင်က ပြောသတဲ့။
ခေါကြီး မင်းကိုနိုင် ကတော့ နီပိန်း လူငယ်များစွာကို KNU/ KIA အစရှိတဲ့ အကြမ်းဖက်အဖွဲ့များထဲကို ရောက်အောင် အဓိက ဦးဆောင်လှုံ့ဆော်သူတစ်ဦးပါ။ နီပိန်း လူငယ်တွေ KNU/ KIA လက်ထဲ ရောက်ပြီး အကြမ်းဖက်သင်တန်းတွေ တက်နေတဲ့ အချိန်မှာပဲ သူက တတိယနိုင်ငံကို အရောက်ပြေးခဲ့တာ ဖြစ်ပါတယ်။ PDF အကြမ်းဖက်အဖွဲ့ထဲ မရောက်သေးတဲ့ လူငယ်တွေကို စစ်မှုထမ်းဥပဒေနဲ့ ခြောက်လှန့်ပြီး PDF အကြမ်းဖက်သမားဖြစ်အောင် လှုံ့ဆော်နေတဲ့ ခေါကြီး မင်းကိုနိုင် အနေနဲ့ လက်ရှိ PDF အကြမ်းဖက်သမားအဖြစ် တိုက်ပွဲဝင်နေတဲ့ နီပိန်း ပဒက် လူငယ်တွေနဲ့ အတူရင်ဆိုင်နေသလား ဆိုတာကို အရင်ဆုံး မေးကြည့်ပါ။ သူက အမေရိကန် မှာ နေပြီး ဘာမဆို အတူရင်ဆိုင်ကြဖို့ အဆင်သင့်ရှိတယ် ဆိုတာကြီး က ယုတ္တိကင်းမဲ့လွန်းနေပါတယ်။
တကယ်လို့ လူငယ်တွေအနေနဲ့ စစ်မှုထမ်းရမှာကို ကြောက်ရွံ့ပြီး PDF အကြမ်းဖက်အဖွဲ့ထဲ သွားဖို့ စိတ်ကူးမိတယ်ဆိုရင်တော့ PDF အဖွဲ့ထဲကို မသွားမီ ခေါကြီ မင်းကိုနိုင် ကို အရင်ခေါ်ပါ။ ကျောင်းသားအို ကိုကြီး ခေါကြီး ရေ ဘာမဆို အတူတူရင်ဆိုင်ကြရအောင် ကိုကြီး မြန်မာပြည်ထဲ ပြန်လည်ခိုးဝင်လာခဲ့ပါလို့ ခေါ်ကြည့်။ သူလာမယ်ဆိုရင် လူငယ်တွေလည်း PDF အကြမ်းဖက်အဖွဲ့ထဲကို သွားပါ။ မတားပါဘူး။ ခေါကြီး မင်းကိုနိုင် မလာဘူးဆိုရင်တော့ လူငယ်တွေလည်း စဉ်းစားကြ၊ ခေါကြီး မင်းကိုနိုင် ဟာ အမေရိကန်မှာ နေထိုင်ပြီး ဘာမဆို အတူရင်ဆိုင်မယ်ဆိုတာ လူငယ်တွေကို သေတွင်းထဲ တွန်းပို့တဲ့ ဂျင်းစကားပါလားလို့ နားလည်လိုက်ပါ။
နောင်
#Myanmar #News