Eleven Media Group

လက်ရှိပရီးမီးယားလိဂ်ဂိုးသမားတွေထဲမှာ Clean Sheet ဒုတိယအများဆုံးအဖြစ် ပစ်ဖို့ဒ် ရပ်တည်နေ

Photo: X

အဲဗာတန်အသင်းရဲ့ ဂိုးသမား ပစ်ဖို့ဒ်ဟာ လက်ရှိ ပရီးမီးယားလိဂ်ဂိုးသမားတွေထဲမှာ Clean Sheet ဒုတိယအများဆုံးအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။
ပစ်ဖို့ဒ်က စပါးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ကစားသမားဘဝ ပရီးမီးယားလိဂ် Clean Sheet ပွဲ(၁၀၀)ပြည့်မြောက်ခဲ့ပြီး လက်ရှိပရီးမီးယားလိဂ်ဂိုးသမားတွေထဲမှာ Clean Sheet ပွဲ(၁၀၀)ပြည့်တဲ့ ဒုတိယမြောက်ဂိုးသမားလည်း ဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ဂိုးသမားတွေထဲမှာ Clean Sheet အများဆုံးရရှိထားသူက လီဗာပူးလ်အသင်းက ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်(၁၀၅ ပွဲ) ဖြစ်ပါတယ်။
ပစ်ဖို့ဒ်က ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ Clean Sheet ပွဲ(၁၀၀) ပြည့်မြောက်တဲ့ (၁၉)ဦးမြောက် ဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ Clean Sheet ပွဲ(၁၀၀) ပထမဆုံးပြည့်မြောက်တဲ့ ဂိုးသမားက မန်ယူအသင်းရဲ့ ဂန္ထဝင်ဂိုးသမား ပီတာရှမိုက်ကယ်ဖြစ်ပြီး Clean Sheet ပွဲအများဆုံးဂိုးသမားကတော့ ချယ်လ်ဆီးနဲ့ အာဆင်နယ်ဂိုုးသမားဟောင်း ပီတာချက်(၂၀၂ ပွဲ) ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးသမားတစ်ဦးအဖြစ် ညွှန်းဆိုခံနေရတဲ့ အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာကတော့ ပရီးမီးယားလိဂ်မှာ Clean Sheet (၇၁)ပွဲ ရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group