
လိဒ်စ် - နယူးကာဆယ် (စက်တင်ဘာ ၁၅ ရက် နံနက် ၁း၃၀ နာရီ)
ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ ရလဒ်တူ၊ အမှတ်တူ အသင်းနှစ်သင်းရဲ့ ဆုံတွေ့မှုဖြစ်ပြီး လိဂ်ဖလားမှာတော့ လိဒ်စ်အသင်းက ချယ်လ်ဆီးကို ဂိုးပြတ်ရှုံးနိမ့်ထားပါတယ်။ နယူးကာဆယ်အသင်းက အဓိကကစားသမားတွေ ဆုံးရှုံးခဲ့ရပေမဲ့ သိပ်ပြီးပုံပျက်မသွားခဲ့ပါဘူး။ လိဒ်စ်ကွင်းမှာ နယူးကာဆယ် ရုန်းကန်ရတတ်တဲ့အစဉ်အလာရှိပေမဲ့ ဒီပွဲမှာ အနည်းဆုံးတစ်မှတ်တော့ ယူနိုင်မယ်ထင်ပါတယ်။
အင်တာမီလန် - အူဒီးနီးစ် (စက်တင်ဘာ ၁၅ ရက် နံနက် ၁း၁၅ နာရီ)
အင်တာမီလန်က ချန်ပီယံလိဂ်မှာ ရီးယဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ စီးရီးအေမှာတော့ ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့အသင်းပါ။ အူဒီးနီးစ်ကလည်း ဒီရာသီ တာထွက်ကောင်းခဲ့ပေမဲ့ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်မှာတော့ အိမ်ကွင်းမှာ လာဇီယိုကို အရှုံးပေးခဲ့ရပါတယ်။ အင်တာမီလန်အသင်း အိမ်ကွင်းမှာ နှစ်ဂိုးပြတ်လောက်နဲ့ အနိုင်ရမယ်ထင်ပါတယ်။
အခြားပွဲများ
* ကိုမို - ပါးမား
တိုရီနို - ရိုးမား *
ဗီလာရီးယဲလ် - ဘက်တစ် *
ဗယ်လက်ကာနို - အက်စ်ပန်ညို *