
၂၀၂၆-၂၀၂၇ ပညာသင်နှစ် နှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲကို အောက်တိုဘာ ၁၆ ရက်မှ ၂၄ ရက်အထိ(October Test) ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲများကို အဆိုပါကာလအတွင်း သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း ဖြေဆိုရမည်ဖြစ်ပြီး ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့များတွင် စာမေးပွဲဖြေဆိုခြင်း မရှိကြောင်း သိရသည်။
အတန်းအလိုက် စာမေးပွဲဖြေဆိုရမည့် ဘာသာရပ်အရေအတွက်မှာ Grade-4 အတန်းအတွက် တစ်ရက်လျှင် ဘာသာရပ် ၂ ခုနှုန်းဖြင့် ဖြေဆိုရမည်ဖြစ်ပြီး Grade-5၊ Grade-6၊ Grade-7၊ Grade-8၊ Grade-9၊ Grade-10၊ Grade-11 နှင့် Grade-12 အတန်းများအတွက် တစ်ရက်လျှင် ဘာသာရပ် ၁ ခုနှုန်းဖြင့် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ် နှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲနှင့်ပတ်သက်သည့် အချက်အလက်များကို ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ သိရှိနိုင်ရန် ပညာရေးဌာနမှ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။