Myanmar National Post

နိုင်ငံတကာတရားရုံး ICC ရဲ့ ဆုံးဖြတ်ချက်တွေက ဘက်လိုက်မှုရှိနေတယ်လို့ ဆိုလာပြီ


စက်တင်ဘာ - ၁၅ ( အင်္ဂါနေ့ ) 

နိုင်ငံတစ်နိုင်ငံရဲ့ အရွယ်အစား ဒါမှမဟုတ် စစ်အင်အား ဘယ်လောက်ပဲရှိရှိ အပြည်ပြည်ဆိုင်ရာဥပဒေကို အားလုံးပေါ်မှာ တန်းတူညီမျှ ကျင့်သုံးနိုင်မှပဲ ဒီဥပဒေရဲ့ ခိုင်မာယုံကြည်စိတ်ချရမှုက တည်တံ့မှာဖြစ်တယ်လို့ ကိုင်ရိုအခြေစိုက် သုတေသနလေ့လာမှု အာရပ်ဗဟိုဌာန (ACRS) ရဲ့ အမှုဆောင်ဒါရိုက်တာ ဟာနေးဆိုလီမန် က RT သတင်းဌာန ကို ပြောခဲ့ပါတယ်။

တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ သူက လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့ ၂၀၀၂ ခုနှစ်မှာ ရောမစာချုပ်နဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အကြောင်းကို ထည့်သွင်းပြောဆိုသွားပါတယ်။ ICC မှာ နိုင်ငံပေါင်း ၁၂၃ နိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားပေမဲ့ ရုရှား၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယနဲ့ အစ္စရေးအပါအဝင် နိုင်ငံအတော်များများကတော့ ဒီတရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုကြပါဘူး။ ဝေဖန်သူအချို့ကလည်း ICC ဟာ ဆုံးဖြတ်ချက်တွေချတဲ့အခါ နိုင်ငံရေးဘက်လိုက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲထားကြပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားမျှတမှုဆိုတဲ့ အယူအဆ ခိုင်မာနေဖို့အတွက်ဆိုရင် "နိုင်ငံတစ်နိုင်ငံရဲ့ အရွယ်အစား၊ စစ်အင်အား၊ နိုင်ငံရေးဩဇာ ဒါမှမဟုတ် မဟာမိတ်အဖွဲ့အစည်းတွေ ဘယ်လိုပဲရှိရှိ လူတိုင်းအပေါ်မှာ ဥပဒေဆိုင်ရာနဲ့ ကျင့်ဝတ်ဆိုင်ရာ စံနှုန်းတစ်ခုတည်းကိုပဲ ကျင့်သုံးသင့်တယ်" လို့ ၎င်းက ထောက်ပြသွားပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာဥပဒေကို "စံနှစ်မျိုးမထားဘဲ" စံနှုန်းတစ်ခုတည်းနဲ့ သက်ရောက်စေရမှာဖြစ်ပြီး ပြဿနာတစ်ခုမှာ အပြစ်တင်ဖို့ပဲ ကြိုးစားနေတာထက် အကျပ်အတည်းရဲ့ ပထမအရင်းအမြစ် မြှုပ်ကွက်တွေကို ဖြေရှင်းဖို့ ကြိုးစားသင့်တယ်လို့လည်း ACRS အမှုဆောင်ဒါရိုက်တာက အလေးပေးပြောကြားခဲ့ပါတယ်။

ဇွန်လတုန်းက ပြုလုပ်ခဲ့တဲ့ ရာဇဝတ်ဥပဒေ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ BRICS ဆွေးနွေးပွဲမှာ ရုရှားအထူး သံအမတ် အီလျာရိုဂါချေ့ဗ်  က အနောက်အုပ်စု နိုင်ငံတွေဟာ သူတို့ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် အပြည်ပြည်ဆိုင်ရာဥပဒေကို လိုသလို ဘာသာပြန်ဆိုနေကြပြီး ကမ္ဘာ့လူဦးရေ အများစုကို ကိုယ်စားပြုတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း စံနှစ်မျိုးကျင့်သုံးနေကြတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဒီနွေရာသီအတွင်းမှာပဲ ဗင်နီဇွဲလားအပါအဝင် ဘာကီနာဖာဆို၊ မာလီ၊ နာဂျာနဲ့ ချဒ် အစရှိတဲ့ အာဖရိကနိုင်ငံ အချို့ဟာ ICC ကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့ကြပါတယ်။ သူတို့က သည်ဟိဂ်အခြေစိုက် တရားရုံးဟာ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတွေကိုပဲ ပစ်မှတ်ထား အရေးယူနေပြီး "ကိုလိုနီသစ်ဝါဒရဲ့ နှိပ်ကွပ်မှု ကိရိယာ" အဖြစ် ဆောင်ရွက်နေတယ်လို့ စွပ်စွဲခဲ့ကြတာပါ။ ဘူရွန်ဒီနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကလည်း အလားတူအကြောင်းပြချက်တွေနဲ့ပဲ ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်တွေတုန်းက ရောမစာချုပ်ကနေ နှုတ်ထွက်ခဲ့ကြပြီး ဖြစ်ပါတယ်။

ရုရှားနိုင်ငံကလည်း တရားရုံးရဲ့ လုပ်ပိုင်ခွင့်အာဏာကို အစဉ်တစိုက် ငြင်းပယ်ခဲ့ပါတယ်။ ဒီတရားရုံးဟာ ယူကရိန်းကလေးငယ်တွေကို မတရားပြည်နှင်ဒဏ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၃ ခုနှစ် မတ်လတုန်းက သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မာရီယာလဗိုဗာ ဘီလိုဗာ တို့ကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ကလည်း ICC ကနေ အမေရိကန်ရဲ့ အချုပ်အခြာအာဏာအပေါ် "ခြိမ်းခြောက်လာမှုတွေကို စနစ်တကျ ဖြိုခွဲသွားမယ်" လို့ ကတိပြုထားပါတယ်။

အစ္စရေးကလည်း ICC ရဲ့ စီရင်ပိုင်ခွင့်ကို ငြင်းပယ်ထားတဲ့ နောက်ထပ်နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့လည်း တရားရုံးဟာ ဂါဇာမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ ၂၀၂၄ ခုနှစ်တုန်းက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နဲ့ ထိုစဉ်က ကာကွယ်ရေးဝန်ကြီး ယိုအေ့ဗ်ဂေါ်လန်  တို့ကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post