
ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းတွင် စက်တင်ဘာ ၁၄ ရက်၊ ညနေ ၃ နာရီကျော်ခန့်တွင် ပိတောက်ပင်လဲကျပြီး ယာဉ်နှစ်စီးပေါ်ပိကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့များ သွားရောက်ခဲ့ကြောင်း သိရသည်။
"လေတိုက်ပြီး အပင်လဲသွားတာပါ။ ကားနှစ်စီးပေယ် ပိမိပါတယ်။လူထိခိုက်ဒဏ်ရာတော့ မရှိပါဘူး"ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိနေသည့် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် ကြည့်မြင့်တိုင်မြို့နယ်၊ စျေးကြီးအနောက်ရပ်ကွက်၊ စျေးကြီးလမ်းတွင် သစ်ပင်တစ်ပင်လဲကျမှုနှင့် ရန်ကင်းမြို့နယ်၊ မြောက်မြင်းပြိုင်ကွင်းလမ်းတို့တွင် အပင်လဲကျမှုနှင့် မရမ်းကုန်မြို့နယ်၊ ရန်ကြီးအောင် လမ်းတွင် အပင်လဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။