Eleven Media Group

မန္တလေးမြို့မှ မြင်တွေ့ရသည့် လမှ သောကြာဂြိုဟ်ကို ဖုံးကွယ်သွားသည့် ရှားပါးအာကာသဖြစ်စဉ်

ရှားပါးအာကာသဖြစ်စဉ်တစ်ခုဖြစ်သည့် လက သောကြာဂြိုဟ် (Venus) ကို ဖုံးကွယ်သွားသည့် ဖြစ်စဉ် (Lunar Occultation of Venus) ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်က မန္တလေးမြို့မှ ရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့သည်။

​အဆိုပါဖြစ်စဉ်သည် ကောင်းကင်ယံ၌ လနှင့် သောကြာဂြိုဟ်တို့ တစ်ထောင့်တည်း ကျရောက်ပြီး လ၏ နောက်ကွယ်သို့ သောကြာဂြိုဟ် ခဏတာ ကွယ်ပျောက်သွားသည့် သဘာဝအာကာသ ဖြစ်စဉ်တစ်ခုဖြစ်သည်။

​မန္တလေးမြို့ရှိ အာကာသနှင့် ကောင်းကင်လေ့လာသူများ၊ ဓာတ်ပုံရိုက်ကူးသူများက အဆိုပါ ဖြစ်စဉ်ကို ထင်ရှားစွာ မြင်တွေ့ရိုက်ကူးနိုင်ခဲ့ကြခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group