


စက်တင်ဘာ - ၁၅ ( အင်္ဂါနေ့ )
နီပေါနဲ့ တရုတ်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ မြေပြိုမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူဦးရေဟာ ၁,၃၉၆ ယောက်အထိ မြင့်တက်လာခဲ့ပြီလို့ နီပေါအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်ဗဟိုရုပ်မြင်သံကြား (CCTV) က သတင်းဖော်ပြထားပါတယ်။
အရင်ထုတ်ပြန်ချက်တွေမှာတော့ သေဆုံးသူ ၁,၃၈၆ ယောက်ရှိခဲ့ပြီး အခုချိန်ထိ လူပေါင်း ၅,၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
တနင်္လာနေ့က လတ်ဗီးယားနိုင်ငံခြားရေးဝန်ကြီး နဲ့ ဖုန်းဆက်ဆွေးနွေးစဉ်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး က သူတို့နိုင်ငံမှာလည်း ဒီဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရပေမဲ့ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ဒီသဘာဝဘေးအန္တရာယ်ဟာ သြဂုတ် ၂၆ ရက် မနက်ပိုင်းက နီပေါမြောက်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့တာပါ။ နှင်းပြိုကျမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကျောက်တုံး ကျောက်ခဲကြီးတွေ အရှိန်နဲ့ စီးဆင်းလာကာ ကီလိုမီတာ ၇၀ ကျော်အထိ မြစ်ကြောင်းအတိုင်း လျှင်မြန်စွာ စီးဆင်းသွားပြီး ဧရိယာအမြောက်အမြားကို လွှမ်းမိုးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် တရုတ်နိုင်ငံဘက်မှာလည်း လူ ၄၃ ယောက် သေဆုံးခဲ့ပြီး ၅၁၉ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
REF: Tass
#News #Myanmar