

နယူးယောက်၊ စက်တင်ဘာ ၁၆
နယူးယောက်မြို့မှာ အကြမ်းဖက်လှုပ်ရှားမှုအတွက် မြန်မာပြည်က ပြည်ပြေး အဆိုတော်တွေနဲ့ ကျင်းပခဲ့တဲ့ ပွဲမှာ ဥက္ကာမင်းမောင် ကို လိင်ခွဲခြားဆက်ဆံ ( အခြောက်ဆိုသည့်စကားသုံးနှုန်း) "ထွက်သွား" ဆိုပြီး အော်ဟစ်နေကြ၊ နှင်ထုတ်ဖို့ ကြိုးစားနေကြခြင်းဟာ နယူးယောက် ဥပဒေအရ ပြစ်မှုမြောက်သလို၊ အရပ်ဘက်ဥပဒေကိုလည်း ချိုးဖောက်ရာရောက်ကြောင်း ထောက်ပြပြောဆိုလိုက်ပါတယ်။
အမေရိကန်မှာ နေထိုင်တဲ့ မြန်မာအမျိုးသမီးတစ်ဦး ဖြစ်တဲ့ Yu က "New York မြို့မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာအဆိုတော်တွေရဲ့ ဖျော်ဖြေမှုပွဲမှာ သူ့ပိုက်ဆံနဲ့သူ လက်မှတ်ဝယ်၊ အေးဆေး ပွဲကို ကြည့်ရှု၊ ဘာအနှောင့်အယှက်မှ မပေးတဲ့ ပွဲကြည့်ပရိတ်သတ်ဖြစ်သူ မြန်မာပြည်မှ ရုပ်ရှင်မင်းသား၊ အနုပညာရှင်တစ်ယောက်ကို လူနည်းစုလေးက ဆဲဆို အော်ဟစ်၊ လိင်ခွဲခြားဆက်ဆံ ( အခြောက်ဆိုသည့်စကားသုံးနှုန်း) "ထွက်သွား" ဆိုပြီး အော်ဟစ်နေကြ၊ နှင်ထုတ်ဖို့ ကြိုးစားနေကြခြင်းဟာ နယူးယောက် ဥပဒေအရ ပြစ်မှုမြောက်သလို၊ အရပ်ဘက်ဥပဒေကိုလည်း ချိုးဖောက်ရာ ရောက်ပါတယ်ရှင်။ နယူးယောက်ဟာ အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုများကို အလွန်တင်းကျပ်စွာ အရေးယူတဲ့ ပြည်နယ်ပဲ ဖြစ်ပါတယ်။ သူ့ဟာသူ ပွဲလာကြည့်တဲ့သူကို စော်ကားတဲ့ အဆိုပါလုပ်ရပ်ဟာ နယူးယောက်မြို့ လူ့အခွင့်အရေးဥပဒေ (NYCHRL) ကို ချိူးဖောက်ခြင်းလည်း ဖြစ်ပါတယ်။ New York ရှိ ပြဇာတ်ရုံနှင့် စတိတ်ရှိုး ခန်းမတွေဟာ အများပြည်သူ အသုံးပြုခွင့်ရှိသော နေရာများ (Places of Public Accommodation) ဖြစ်တယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ လက်မှတ်ဝယ်ပြီး မည်သူမဆို တရားဝင် ကြည့်ရှုခွင့်ရတဲ့ နေရာတွေဖြစ်ပြီး ယင်းနေရာတွေမှာ လူတစ်ဦး၏ လိင်စိတ်ခံယူမှု ကို အခြေခံပြီး လိင်ခွဲခြားပြောဆို ၊ LGBT တွေကို စော်ကား နှောင့်ယှက်ခြင်းကို ဥပဒေအရ လုံးဝ (လုံးဝ) တားမြစ်ထားပါတယ်။ သူတပါးကို လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းများဖြင့် စော်ကားပြီး လူ့အခွင့်အရေးကို နှောင့်ယှက်ခြင်း ဖြစ်သောကြောင့် ပြစ်မှုမြောက်ပါတယ်ရှင်။ အဆိုပါ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပါက ပြဇာတ်ရုံ သို့မဟုတ် ပွဲကျင်းပသည့် ဝန်ထမ်းများသည် ယင်းကဲ့သို့ ခွဲခြားဆက်ဆံ နှောင့်ယှက်မှုများ မရှိစေရန် တာဝန်ယူရပါတယ်။ အစော်ကားခံရသူအနေနဲ့လည်း အထောက်အထား စုဆောင်း၊ ထိုသူတို့ရဲ့ မျက်နှာ၊ ဗီဒီယိုမှတ်တမ်း၊ အသံဖိုင် သို့မဟုတ် ပတ်ဝန်းကျင်ရှိ သက်သေများကို အမြန်ဆုံး မှတ်တမ်းတင်ထားပြီး ရဲစခန်း သို့မဟုတ် ကော်မရှင်သို့ တိုင်ကြားနိုင်သလို နယူးယောက်ရဲစခန်း (NYPD) တွင် Hate Crime Incident အဖြစ် တိုင်ချက်ဖွင့်နိုင်ပါတယ်" ဟု ပြောဆိုထားသည်။
လျော်ကြေးရရှိရန် သို့မဟုတ် ထိုလူတစ်စုနှင့် ပွဲကျင်းပသူများကို အရေးယူရန် NYC Commission on Human Rights သို့မဟုတ် New York State Division of Human Rights တွင် ၁ နှစ်အတွင်း တိုင်ကြားချက် (Complaint) တင်သွင်းနိုင်ကြောင်း၊ New York show ပွဲရဲ့ ဖြစ်ရပ်တွင် မင်းသားက ဘာအပြစ်မှ မလုပ်ဘဲ တရားဝင် လက်မှတ်ဝယ်ယူ ကြည့်ရှုခြင်းဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ ရာနှုန်းပြည့် မှန်ကန်ပြီး အကာအကွယ် ရပိုင်ခွင့် အပြည့်အဝ ရှိကြောင်း ပြောဆိုထားပါတယ်။
အဆိုပါ ဖြစ်စဉ်တွင် အမေရိကန်ရောက် အကြမ်းဖက်လှုံ့ဆော်သူ နီပိန်း တချို့က ဥက္ကာမင်းမောင်အား ယုတ်ရင်းကြမ်းတမ်းစွာ ပြောဆိုပြီး ခွေးများကဲ့သို့ ဝိုင်းဟောင်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ရပါတယ်။
#News #Myanmar