Myanmar National Post

ရန်ကုန်တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ







တာမွေ၊ စက်တင်ဘာ  ၁၅

ရန်ကုန်တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပရာတွင် ဝါသနာရှင်(ပထမတန်း)အဆင့်နှင့် ဝါသနာရှင်(ဒုတိယတန်း)အဆင့် စသည်ဖြင့် ဝါသနာရှင်အဆင့်များခွဲ၍ အရေးပြိုင်ပွဲ၌ ယှဉ်ပြိုင်ခဲ့ကြသည့် တေးသီချင်းများအား တူရိယာအမျိုးမျိုးဖြင့် တီးခတ်၍ ပြန်လည်သီဆိုခြင်း၊ အဆိုပြိုင်ပွဲတွင် ဝါသနာရှင်အဆင့်အလိုက် အမျိုးသား/အမျိုးသမီးခွဲ၍ အမျိုးဂုဏ်၊ဇာတိဂုဏ်ကို မြှင့်တင်ပေးသည့် သီချင်းများ၊ မဟာဂီတတေးသီချင်းများအား သီဆိုယှဉ်ပြိုင်ခြင်း၊ အတီးပြိုင်ပွဲတွင် ဒုံမင်း၊ နှဲ၊ ပလွေ၊ ဆိုင်းတစ်ဦးချင်း တီးခတ်၍ သက်ဆိုင်ရာဘာသာရပ်များအလိုက် ပြိုင်ပွဲဝင်များ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပနေမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ခရိုင်အဆင့်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

#News #Myanmar

မူရင်းသတင်း — Myanmar National Post