Myanmar National Post

သီတဂူဆရာတော်ကြီးက ရေဘေးနှင့်ကြုံတွေ့ခဲ့သည့် နီပေါနိုင်ငံသားများအား အမေရိကန်ဒေါ်လာ တစ်သောင်းလှူဒါန်း





ရန်ကုန်၊ စက်တင်ဘာ ၁၆

နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယသာသနာပိုင် သီတဂူဆရာတော်ကြီးသည် နီပေါနိုင်ငံ၌ ရေဘေးနှင့်ကြုံတွေ့ခဲ့သည့် နီပေါနိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာတစ်သောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ကျင်းပခဲ့ပြီး သီတဂူဆရာတော်ကြီးက ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် အိုးအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့် နီပေါနိုင်ငံသားများအား ကူညီထောက်ပံ့နိုင်စေခြင်းအကျိုးငှာ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

ယင်းနောက် သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ တစ်သောင်းကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးက လက်ခံရယူခဲ့ပြီး သံအမတ်ကြီးက မိတ်ဖက်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအစိုးရ၏ ကရုဏာထား လှူဒါန်းမှုများလည်းရှိပါကြောင်း၊ ယင်းအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ဆရာတော်ကြီးမှလည်း ယခုကဲ့သို့ မေတ္တာကရုဏာထားပြီး စောင့်ရှောက်လှူဒါန်းမှုပြုလုပ်ပေးသည့်အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post