Myanmar National Post

ပေါင်မြို့နယ် ကျွဲခြံကျေးရွာ၌ ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်





ပေါင်၊ စက်တင်ဘာ ၁၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများတို့ ပူးပေါင်း၍ ‌“‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကျွဲခြံကျေးရွာ မွန်ရွှေကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဝင်း၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်‌ အေးချမ်းမုံနှင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်း‌ရေးမှူး ရဲမှူးဇော်မြင့်ထွန်းတို့က အမှာစကားများပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက ပြည်သူ့စကားဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးဇော်မြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်နှင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက်ဆောင်ရွက်နေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်‌ရောက်လာသည့် ပြည်သူများက ကျေးလက်လမ်းကောင်းမွန်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုး‌ရေရရှိရေး၊သောက်သုံးရေရရှိရေး၊သန့်ရှင်းသာယာလှပရေး စသည့်ဒေသဖွံ့ဖြိုး‌ရေးတို့အတွက် ဆောင်ရွက်ပေးစေလိုသည်များ၊ လိုအပ်ချက်များကို တင်ပြမေးမြန်းခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

အဆိုပါပြည်သူ့စကားဝိုင်းသို့ ကျွဲခြံကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


မွန်မလေး

#News #Myanmar 

မူရင်းသတင်း — Myanmar National Post