Myanmar National Post

ပခုက္ကူမြို့နယ်တွင် အရန်သားဖွားဆရာမ(သစ်လွင်) သင်တန်းဖွင့်လှစ်




ပခုက္ကူ၊ စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အရန်သားဖွားဆရာမ(သစ်လွင်)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီက ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းဇော်က "အခြေခံကျန်းမာရေးဝန်ထမ်းများနှင့်သားဖွားဆရာမ များလွှမ်းခြုံမှုအားနည်းသည့်ကျေးရွာများတွင်မိခင်နှင့်ကလေးမျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုကျွမ်းကျင် မှန်ကန်စွာ၊ ဘေးအန္တရာယ်ကင်းစွာ၊ ယုံကြည်စိတ်ချစွာဆောင်ရွက်နိုင်စေရန်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း" ရှင်းလင်းပြောကြားသည်။ 

အဆိုပါသင်တန်းတွင် အရန်သားဖွားဆရာမ(သစ်လွင်)၁၀ဦးတက်ရောက်မည်ဖြစ်ပြီး ၂၀၂၆ခုနှစ်၊စက်တင်ဘာလ၁၇ ရက်မှ ၂၀၂၇ခုနှစ်၊မတ်လ၁၇ရက်နေ့အထိ သင်တန်းကာလခြောက်လကြာ စာတွေ့လက်တွေ့စနစ်တကျသင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#News #Myanmar 

မူရင်းသတင်း — Myanmar National Post