Myanmar National Post

တောင်အာဖရိကမှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်တဲ့ တရားခံကို သတင်းပေးနိုင်ရင် ဆုချီးမြှင့်မယ်လို့ သမ္မတက အမိန့်ထုတ်ပြန်


စက်တင်ဘာ - ၁၇ ( ကြာသပတေးနေ့)

တောင်အာဖရိကနိုင်ငံ၊ ဂေါတန်ဂ် ပြည်နယ်တစ်ဝန်းမှာ အမျိုးသမီး ၈ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို ဦးစားပေးလုပ်ဆောင်ဖို သမ္မတ ဆီရယ် ရာမာဖိုဆာ က ရဲတပ်ဖွဲ့ကို အမိန့်ပေးလိုက်ပါတယ်။ အသတ်ခံလိုက်ရတဲ့ အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရပြီး မှ ဖြစ်တာလာား ဆိုတဲ့ အမှုကွင်းဆက်တွေ နဲ့ ဆက်စပ်မှုရှိမလား ဆိုတာကိုလည်း တာဝန်ရှိသူတွေက စုံစမ်းနေကြပါတယ်။

ဂျိုဟိုးနက်စ်ဘာ့ဂ်မြိုရဲ့ အရှေ့နဲ့ အရှေ့မြောက်ဘက်၊ အီကူဟူလနီ မြို့ပြဧရိယာအတွင်းက ကမ်ပတန်ပါ့ဖ်၊ အိုလီဖန့်စဖွန်တိန်၊ ရိုဒ်ဖီးလ်နဲ့ ကွာသီမာ စတဲ့နေရာတွေမှာ အဲဒီရုပ်အလောင်းတွေကို ဇူလိုင်လနဲ့ စက်တင်ဘာလကြားမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး တွေ့ရှိခဲ့တဲ့ ရုပ်အလောင်း ၅ လောင်းထဲက ၄ လောင်းဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်း တောင်အာဖရိက ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ ကျန်တဲ့ ရုပ်အလောင်းတစ်ခုရဲ့ အနေအထားကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း ရှိမရှိကို စုံစမ်းစစ်ဆေးသူတွေက အတည်မပြုနိုင်ခဲ့ပါဘူး။

အသတ်ခံရသူတွေထဲမှာ စက်တင်ဘာ ၉ ရက်နေ့က အပြေးလေ့ကျင့်ဖို အိမ်ကနေထွက်သွားပြီး ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် အားကစားသမား အယ်လစ်ဇဘက် "ဆွန်ဆို" မိုဇီလာဂိုမို လည်း ပါဝင်ပါတယ်။ သူမရဲ့ ရုပ်အလောင်းကို R21 အမြန်လမ်းအနီးမှာ ၃ ရက်အကြာက တွေ့ရှိခဲ့ရပြီး တနင်္လာနေ့မှာ မိသားစုဝင်တွေက အတည်ပြုပေးခဲ့ပါတယ်။

ဒီသေဆုံးမှုတွေဟာ အချင်းချင်း ဆက်စပ်နေတယ်ဆိုတာ ဒါမှမဟုတ် ကွင်းဆက်လူသတ်သမား လက်ချက်ဖြစ်သလား ဆိုတာကို တာဝန်ရှိသူတွေက အတည်မပြုသေးပါဘူး။ ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ ပထမဆုံး လူသတ်မှုနဲ့ပတ်သက်လို သံသယရှိသူ တစ်ဦးကိုတော့ ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။ စုံထောက်တွေ၊ ထောက်လှမ်းရေးအရာရှိတွေ၊ ခြေရာခံအဖွဲ့တွေနဲ့ မှုခင်းဆေးပညာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ဘက်စုံစစ်ဆေးရေးအဖွဲ့ကိုလည်း စေလွှတ်ထားပါတယ်။ ဖမ်းဆီးမှုတစ်ရပ် ဖြစ်လာစေမယ့် သဲလွန်စပေးနိုင်သူတွေကို တောင်အာဖရိက ရန်း ၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၄,၅၀၀ ခန့်) ဆုကြေးငွေ ချီးမြှင့်မယ်လိုလည်း တာဝန်ရှိသူတွေက ကြေညာထားပါတယ်။


REF: RT

#News #Myanmar 


မူရင်းသတင်း — Myanmar National Post