
ရခိုင်မီဒီယာတွေသည်လည်း DVB လို သတင်းဌာနနဲ့ ပူးပေါင်းပြီး နိုင်ငံတကာ အထောက်အပံ့ တောင်းစားလို့ ရနေတာဖြစ်လေတော့ အကြမ်းဖက်အားပေး လုပ်ကြတယ်။ Development Media Group ဆိုတဲ့ ရခိုင်မီဒီယာက ခေါင်းတပ်ထားရာမှာတော့ "ပုဏ္ဏားကျွန်းမြို့နယ်ကို လေယာဉ်အုပ်စုလိုက်သုံးပြီး စစ်တပ် ဗုံးကြဲနေ" လို့ ဆိုပါတယ်။
သူတို့တွေက AA အကြမ်းဖက်အဖွဲ့ကို အာရက္ခတပ်တော် လို့ သုံးနှုန်းဖော်ပြကြပါတယ်။ မူးယစ်ရာဇာထွန်းမြတ်နိုင်၊ ဘင်္ဂါလီ ညိုထွန်းအောင် တို့ ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့ ကို အားကိုးယုံကြည် မျှော်လင့်ပြီး လော်ဘီလုပ်ပေးနေကြတာကို တွေ့ရပါတယ်။
AA အကြမ်းဖက်အဖွဲ့များ အခြေပြုလှုပ်ရှားရာ ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်ကျေးရွာနှင့် အနီးတဝိုက်ကို စစ်တပ်က ယနေ့ (စက်တင်ဘာ ၁၇)၊ နံနက်ပိုင်းမှ စကာ ဂျက်တိုက်လေယာဉ် အုပ်စုလိုက်ဖြင့် ဗုံးကြဲချ တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှသိရကြောင်း၊ စစ်တပ်သည် ယနေ့၊ နံနက် ၉ နာရီ၊ ၅၀ မိနစ်မှစကာ ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် အကြိမ်ရေ ၇ ကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်နေကြောင်း ဖော်ပြထားပါတယ်။
ဒါပေါ့ လုပ်သင့်တာပေါ့ AA အကြမ်းဖက်အဖွဲ့ အခြေပြုလှုပ်ရှားနေတာကို သိပါလျက်နဲ့ တပ်မတော်က မရှင်းဘဲ ထားမယ်ဆိုရင် တပ်မတော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်တွေကို မသိကျိုးကျွန်ပြုသလို ဖြစ်နေမှာပေါ့။ တပ်မတော်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကို အဓိကထားပြီး လုပ်ရမယ်လို့ တာဝန်ပေးအပ်ထားပါတယ်။ ပြည်သူက ပေးတာမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းပြဋ္ဌာန်းပြီး တာဝန်ပေးအပ်ထားခြင်း ဖြစ်ပါတယ်။
ဆိုတော့ AA အကြမ်းဖက်အဖွဲ့ဟာ ဗမာမုန်းတီးရေးလှုံ့ဆော်တယ်။ ဒါက တိုင်းရင်းသားအချင်းချင်း သွေးခွဲတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ နောက်တစ်ချက် အာရက္ခနိုင်ငံတော်လို့ အာချောင်တယ်။ ဒါက ပြည်ထောင်စုပြိုကွဲအောင် လုပ်သည်အထိ အပြစ်ကြီးသွားပြီ။ ဒီလို လုပ်ရပ်တွေကြောင့် တပ်မတော်က မဖြစ်မနေ ရှင်းလင်းဆောင်ရွက်ရန် တာဝန်ရှိပါတယ်။
AA အကြမ်းဖက်အဖွဲ့ရဲ့ လော်ဘီ သတင်းဌာန က “ ဂျက်ဖိုက်တာနဲ့ တစ်စီးပြီးရင်တစ်စီး ဗုံးလာကြဲတာ။ ဂျက်တစ်စီးလာပြီး ဗုံးချသွားတယ်။ ပြီးရင် နောက်တစ်စီး ထပ်လာပြီးတော့ ဗုံးကြဲတယ်။ စက်သေနတ်တွေနဲ့လည်း ပစ်တယ်။ Y12 ကလည်း ဗုံးချတယ်။ အခုဆိုရင် ဗုံးလာကြဲတာ ၇ ကြိမ်ထက်မနည်း ရှိနေပြီ။ အခုထိ ဗုံးကြဲနေတုန်းပဲ” ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောတာကို ကိုးကားရေးသားထားပါတယ်။
စစ်တပ်သည် ယနေ့၊ နံနက် ၇ နာရီဝန်းကျင်ကလည်း ကွမ်းတောင်ကျေးရွာအနီးတဝိုက်နှင့် မင်းချောင်း တံတားအနီးပတ်ဝန်းကျင်တို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီးနောက် တစ်နာရီအကြာ နံနက် ၈နာရီ ၂၀ မိနစ်တွင် Y12 ဖြင့် ဗုံးကြဲတိုက်ခိုက် နေကြောင်း၊ ယမန်နေ့ (စက်တင်ဘာ ၁၆)၊ နေ့လည် ၁ နာရီကျော်ကလည်း စစ်တပ်သည် ပုဏ္ဏားကျွန်းမြို့အနီးရှိ တောင်တန်းများကို ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် စစ်တွေတပ်ရင်းများကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်း ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က လေကြောင်းဖြင့် နေစဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေကြောင်း၊ စစ်တပ်သည် ၄၉၂၆ စစ်ဆင်ရေးဖြင့် အာရက္ခတပ်တော်ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များကို ထိုးစစ်ဆင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး လက်ရှိတွင် AA တပ်ဖွဲ့ဝင်တို့၏ ခုခံတိုက်ခိုက်မှုကြောင့် ရှေ့တိုးမရဖြစ်နေကြောင်း ဖော်ပြထားပါတယ်။
ပြည်ဖျက်မီဒီယာ Development Media Group ဆိုတဲ့ ရခိုင်မီဒီယာက တပ်မတော်ကို အာဏာသိမ်းစစ်တပ်လို့ သုံးနှုန်းရေးသားတာကလည်း DVB ရဲ့ ဖလိုးအတိုင်းပါပဲ။ သို့သော် ပြည်ဖျက်မီဒီယာတွေ လုပ်ကြံဖန်တီးရေးသားနေသလို တပ်မတော်က အာဏာသိမ်းထားတာ မရှိတော့ပါဘူး။ ရွေးကောက်ခံ အစိုးရက နိုင်ငံရေးရာကိစ္စများကို လုပ်ဆောင်နေသလို တပ်မတော်အနေနဲ့ကလည်း အရေးသုံးပါး ကို ကာကွယ်ရန် တာဝန်ရှိသည့်အလျှောက် စစ်ရေးအရ လုပ်ဆောင်ရမယ့် ကိစ္စတွေ ဆက်လက်လုပ်ဆောင်နေရမှာပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်သူတွေကို မူးယစ်ဆေးကျွေးပြီး လူညွန့်တုံးအောင် လုပ်ခဲ့တဲ့ AA အကြမ်းဖက်အဖွဲ့ကို အမြစ်ပြတ် ရှင်းလင်းနိုင်မှသာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှာ ဖြစ်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်ဖျက်မီဒီယာရဲ့ ရေးသားဖော်ပြချက်အရ AA အကြမ်းဖက်အဖွဲ့က ခုခံကာကွယ်နိုင်စွမ်း ရှိသယောင် ရေးသားဖော်ပြထားပါတယ်။ တကယ့်မြေပြင် အခြေအနေ ဒရုန်းမှတ်တမ်းတွေမှာတော့ AA အကြမ်းဖက်အဖွဲ့ဝင်များ ခုခံနိုင်စွမ်း မရှိတော့ဘဲ သွေးရူးသွေးတန်း ပြေးလွှားနေတာတွေကို အထင်အရှား တွေ့ရသလို AA အကြမ်းဖက်အဖွဲ့ အခြေပြုရာ နေရာများလည်း မီးလောင်တိုက် သွင်းခံရတဲ့ အခြေအနေများကို မြင်တွေ့နေရပါတယ်။
AA အကြမ်းဖက်အဖွဲ့ ရခိုင်ပြည်နယ်မှ ပပျောက်ပါစေ၊ တပ်မတော်၏ ၄၉၂၆ စစ်ဆင်ရေး အောင်မြင်ပါစေဟုသာ ဆန္ဒပြုလိုက်ရပါတယ်။
နောင်
#News #Myanmar