
မန္တလေး၊ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးရင်ပြင်တော်နှင့်ပရဝဏ်၊ အတွင်းအပြင်တို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေကြမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ယာယီရဲမှူးချုပ် ကျော်စိုးဝင်းနှင့် တပ်ဖွဲ့ခွဲမှူးများဦးစီး၍ တပ်ဖွဲ့ခွဲအသီးသီးမှ ရဲတပ်ဖွဲ့ဝင် အရာရှိများ၊ အခြားအဆင့်နှင့်မိသားစုဝင်များ စုစုပေါင်း ၄၅၄ ဦးတို့ဖြင့် မဟာမုနိဘုရားကြီး ရင်ပြင်တော်နှင့် ပရဝဏ်၊ အတွင်းအပြင်တို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အလင်းသစ်
#News #Myanmar