Eleven Media Group

■ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီအား ပြန်လည်​ရွေးချယ်တင်​မြှောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီအား ပြန်လည်​ရွေးချယ်တင်​မြှောက်ခဲ့သည်။

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆)အား စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက်ထိ နှစ်ရက်ကြာကျင်းပပြီး​နောက် ပါတီဗဟို​ကော်မတီနှင့် ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ကို ပြန်လည်​ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ပါတီဗဟိုအလုပ်အမှု​ဆောင်အဖွဲ့သစ်တွင် ပါတီ ဥက္ကဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးမြတ်ဟိန်းနှင့် ဦးသောင်းအေး၊အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင်အောင်ချစ်တို့​ရွေးချယ်ခံခဲ့ရကာ ယခင်ပါတီ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သည့် ဦးလှထွန်းသည် ပါတီတာဝန်မှ အနားယူခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆) ဗဟိုကော်မတီဝင် ၃၃၆ဦးနှင့် အရံဗဟိုကော်မတီဝင်၆၈ဦးအား အသစ်ထပ်မံရွေးချယ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group