

စက်တင်ဘာ - ၂၁ ( တနင်္လာနေ့ )
အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို့ ပါကစ္စတန်နိုင်ငံက ညအချိန် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူ (၃) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန်အစိုးရက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တိုက်ခိုက်ရတဲ့ အကြောင်းပြချက်ကတော့ အာဖဂန်အစိုးရက ပါကစ္စတန်ကို တိုက်ခိုက်နေတဲ့ သူပုန်အုပ်စုတွေကို အကာအကွယ်ပေး ထားပြီး ခိုလှုံ့ခွင့်ပါ ပေးထားတဲ့အတွက်ကြောင့် လို့သိရပြီး သူပုန်အုပ်စုများအပေါ် ဆက်တိုက်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇဘီဟူလာ မူဂျာဟစ် ရဲ့ ပြောကြားချက်အရ ပါကစ္စတန်တပ်ဖွဲ့ဝင်များသည် အရှပိုင်း ကူနားပြည်နယ်ရှိ အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူ ခုနစ်ဦးစလုံးမှာ အဆိုပါဒေသမှ ဒေသခံများဖြစ်ကြကြောင်း သိရပါတယ်။
ဒါ့အပြင် အရှပိုင်း ပက်တီကာ ပြည်နယ်ရှိ နေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်းလည်း တိုက်ခိုက်ခံခဲ့ရပေမဲ့ လူထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
"ဒီလို ရန်လိုကျူးကျော်မှုနဲ့ ဖိနှိပ်မှုကို ကျနော်တို့ အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ်" လို့ ၎င်းက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့ပြီး ပါကစ္စတန်နိုင်ငံအနေဖြင့် ၎င်းတို့ရဲ့ ပြည်တွင်း၌ ရင်ဆိုင်နေရတဲ့ လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ နဲ့ ပတ်သက်ပြီး အာဖဂန်ကိုအာရုံလွှဲရန် ယခုကဲ့သို့ တိုက်ခိုက်မှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး "အာဖဂန်ပြည်သူတွေအနေနဲ့ ဒီကျူးကျော်မှုကို သင့်လျော်တဲ့ တုံ့ပြန်မှုတစ်ခုနဲ့ ပြန်လည်တုံ့ပြန်သွားမှာပါ" လို့ ၎င်းက ဆိုပါတယ်။
REF: UPI
#News #Myanmar