Myanmar National Post

ဂန့်ဂေါမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ်




ဂန့်ဂေါ၊ စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအား  လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး(မွမ်းမံ)သင်တန်းကို ယနေ့နံနက် ၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ရာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒေါ်ယဉ်နွဲ့ဝင်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း သင်တန်းသူ/သင်တန်းသား(၇၅)ဦး တက်ရောက်ခဲ့ကြသည်။

ဦးစွာအခမ်းအနားတွင် ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားနောက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး(မွမ်းမံ)သင်တန်းကို ဆက်လက်ပို့ချရာ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် ရည်မှန်းချက်များ၊ လမ်းညွှန်ချက်များ၊ ဦးစီးတာဝန် ရုံးလုပ်ငန်းလက်စွဲကောက်နှုတ်ချက်များ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် နည်းဥပဒေများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှကိုင်တွယ်ကျင့်သုံးသော ဥပဒေများ၊ နည်းဥပဒေများ၊ ပြဌာန်းချက်များနှင့် လုပ်ထုံးလုပ်နည်းများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများ၊ ခေါင်းဆောင်မှုအတတ်ပညာ၊ မြေယာစီမံခန့်ခွဲခြင်း၊ မြေယာ အမျိုးမျိုးပေါ်တွင် ကျူးကျော်မှုများအား အရေးယူဆောင်ရွက်ခြင်းနှင့် ဆက်စပ်မြေယာဥပဒေဆိုင်ရာကိစ္စရပ် များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ ၏လုပ်ငန်းတာဝန်များအကြောင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူးမှ သင်ကြားပို့ချခဲ့သည်။

အဆိုပါ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး(မွမ်းမံ)သင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိ နံနက်(၈)နာရီမှ (၁၁ ; ၅၀)နာရီထိ (၁၀)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်ဆက်)

#News #Myanmar

မူရင်းသတင်း — Myanmar National Post