Eleven Media Group

■ ဘားအံမြို့ ဇွဲကပင်အားကစားကွင်းတွင် ပွဲကြည့်စင်ပါ (Indoor Stadium) အဆင့်မြင့်ရေကူးကန်နှင့် ဒိုင်ဗင်ကန်တည်ဆောက်

ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင် အားကစားကွင်းတွင် ပွဲကြည့်စင်ပါ (Indoor Stadium) အဆင့်မြင့်ရေကူးကန်နှင့် ဒိုင်ဗင်ကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်နေမှုကို စက်တင်ဘာ ၁၉ ရက်က အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစဉ် အားကစားကွင်း/ အားကစားရုံများ အရည်အသွေးပြည့်မီကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်/စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် တည်ဆောက်ပြီးစီးမှုကို မိမိတို့ဝန်ကြီးဌာနမှ ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့များဖွဲ့စည်း၍ ပေးပို့ထားသည့်မှတ်တမ်းများ၊ ဒီဇိုင်းပုံစံများနှင့် အရည်အသွေးများအတိုင်း ကိုက်ညီမှုရှိ/မရှိ စစ်ဆေးပြီး မှတ်တမ်းများစနစ်တကျထားရှိဆောင်ရွက်၍ ပြန်လည်တင်ပြရန် တာဝန်ရှိသူများကို ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group