
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံးစားပြုလုပ်ပြီး ငွေကြေးလိမ်လည်ခြင်းများရှိနေကြောင်း အနီးကပ်ကပ္ပိယအဖွဲ့က သတင်းထုတ်ပြန်သည်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကို အလွဲသုံးစားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ဘုရားထံ သွားရောက် လှူဒါန်းပေးမည်ဟုဆိုကာ ငွေကြေး လိမ်လည်ကောက်ခံခြင်းများ အစရှိသည့် မလျော်ကန်သည့် လုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလှူအတန်းများနှင့်စပ်လျဉ်း၍ ဆရာတော် ဘုရားထံ တိုက်ရိုက်လျှောက်ထားပြီး ဆရာတော်ဘုရားခွင့်ပြုသည့် အလှူကိစ္စရပ်များမှ လွဲ၍တဆင့် လှူဒါန်းရန် ငွေကြေးကောက်ခံခြင်း ပါဝင်လှူဒါန်းခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် ဆရာတော်ကြီး၏ တိုက်ရိုက်ညွှန်ကြားချက်အရ အသိပေး ကြေညာချက် ထုတ်ပြန်အပ်ခြင်း ဖြစ်သည်ဟု အနီးကပ်ကပ္ပိယအဖွဲ့က ထုတ်ပြန်သည်။